DVB Logo
Home
မြန်မာသတင်း
နေရပ်စွန့်ခွာသူများကို လက်ခံရန် အားလုံးအဆင်သင့်ဖြစ်ပြီဟု ၀န်ကြီးပြော
DVB
·
November 12, 2018
နေရပ်စွန့်ခွာသူများကို လက်ခံရန် အားလုံးအဆင်သင့်ဖြစ်ပြီဟု ၀န်ကြီးပြော
1 / 4
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ထွက်ပြေးသွားတဲ့ နေရပ်စွန့်ခွာသူတွေကို နိုဝင်ဘာ ၁၅ ရက် စတင်လက်ခံမှာဖြစ်ပြီး အားလုံးအဆင်သင့်ဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပြောပါတယ်။

ဝန်ကြီးနဲ့အဖွဲ့ဟာ မောင်တောမြို့နယ်က ငခူးရ- တောင်ပြိုလက်ဝဲ၊ လှဖိုးခေါင်းကြားစခန်းတွေကို နိုဝင်ဘာလ ၁၁ ရက်က သွားရောက်ကြည့်ရှုခဲ့ပြီးနောက် ခုလို ပြောကြားလိုက်တာပါ။

နေရပ်စွန့်ခွာသူတွေ ပြန်လာမယ့် နေရာအနေအထားတွေ၊ နေအိမ်တွေ၊ လက်ခံရေးစခန်းတွေရဲ့ နောက်ဆုံးအခြေနေတွေကို သွားရောက်ကြည့်ရှုခဲ့တာဖြစ်ပြီး နေ့ရပ်စွန့်သူတွေ ပြန်လက်ခံမယ့်ကိစ္စတွေ အားလုံးအဆင်သင့်ဖြစ်နေပြီလို့ မောင်တော မြောက်ပိုင်းကအပြန် စစ်တွေလေဆိပ်မှာ ဒီဗွီဘီကိုပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ခွာသွားတဲ့သူတွေကို နိုဝင်ဘာ ၁၅ ရက်ကစပြီး ပထမအသုတ်အနေနဲ့ ၂၁၆၅ ဦးကို ပြန်လည်လက်ခံမှာဖြစ်ပြီး တရက်ကို လူဦးရေ ၁၅၀ နဲ့ ၁၅ ရက်ကြာ လက်ခံရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်မှာပါ။

“ဒီလူတွေကိုတော့ ရေလမ်းကြောင်းကတဆင့် ငါးခူရပြန်လည်လက်ခံရေး စခန်းကနေ စပြီး နေရာ ၄၂ ခုကနေ လက်ခံသွားမှာပါ။ ပြန်လာမယ့်သူတွေအတွက်လည်း လုံခြုံရေး၊ နေထိုင်ရေး စာဝတ်နေရေးအပြင် နိုင်ငံသားဖြစ်ခွင့်ပါ လျောက်ထားနိုင်တယ်”လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

အစိုးရက နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေအတွက် လက်တွေ့ မြေပြင်အကောင်အထည်ဖော်မှုတွေ၊ အဆင်သင့်ဖြစ်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၁ ရက်က ရန်ကုန်မြို့ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှာ ပြုလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ဘင်္ဂါလီ ၆ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွား ကြတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

သတင်း- ဝဏခွာညို၊ ပြည့်ဘုန်းအောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013