DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနှင့် မြန်မာအစိုးရ ဆွေးနွေးပွဲရက် ပြန်လည်သတ်မှတ်
DVB
·
August 28, 2012
ကေအန်ယူနှင့် မြန်မာအစိုးရ ဆွေးနွေးပွဲရက် ပြန်လည်သတ်မှတ်
Donate to DVB

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး အဖွဲ့အကြား လာမယ့် လဆန်း ပြန်ဆွေးနွေးတဲ့အခါ  ပြည်သူလုထု ဘ၀လုံခြုံမှု အာမခံရေးနဲ့ နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်ဆိုင်းရေး ကျင့်ဝတ်တွေကို ဆွေးနွေးမယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

နှစ်ဘက်ကိုယ်စားလှယ်တွေဟာ ကရင်ပြည်နယ် ဘားအံမြို့မှာ လာမယ့် စက်တင်ဘာလ ၃ ရက်ကနေ ၄ ရက်နေ့အထိ တတိယအကြိမ် အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်မှုတွေကို ဆက်ဆွေးနွေးကြမယ်လို့ ကေအန်ယူက ဒီနေ့ ကြေညာပါတယ်။

[caption id="attachment_29926" align="alignleft" width="300" caption="ကေအန်ယူနှင့်အစိုးရ ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြစဉ်"][/caption]

အစောပိုင်းက သြဂုတ်လ ၂၇ ရက်ကနေ ၂၉ ရက်ထိ ကရင်ပြည်နယ် ဘားအံမြို့မှာ ဆွေးနွေးမယ့် အစီအစဉ်ကို အစိုးရဘက်က ဆိုင်းငံ့ခဲ့ရာက   နှစ်ဖက် ပြန်လည် ညှိနှိုင်းဆွေးနွေးကြပြီး ရက်ပြန်လည် သတ်မှတ်ခဲ့တာလို့ ကေအန်ယူ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ရဲ့ ပြောခွင့်ရသူ နော်မေဦး က ပြောပါ တယ်။

“တတိယအကြိမ်ဆွေးနွေးပွဲကို ဘယ်အချိန်မှာ ပြန်သတ်မှတ်နိုင်မလဲ ဆိုတာကို ဆွေးနွေးတာပေါ့။ စာနဲ့အပြန်အလှန်ရေးပြီး ဆက်သွယ်ဆွေးနွေးတာ ဖြစ်ပါတယ်။ အဓိကကတော့ ပြည်သူလူထုဘ၀ လုံခြုံမှုကို အာမခံတဲ့ အချက်ကြီး ၂ ချက်ကို အဓိကထားဆွေးနွေးမှာပါ။ နှစ်ဦးနှစ်ဖက်လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေ၊ တပ်အရွှေ့အပြောင်းကိစ္စတွေ။”

ဒီနေ့ထုတ် ကေအန်ယူရဲ့ ကြေညာချက်ထဲမှာ ပြည်သူလူထုဘ၀ လုံခြုံမှုကို အာမခံပေးနိုင်ရေးအတွက် တပ်တွေကို ပြန်လည်နေရာချထားရေးနဲ့ နှစ်ဦးနှစ်ဘက်လိုက်နာရမယ့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်း မူကြမ်းတွေကို အဓိကထား ဆွေးနွေးသွားမယ်လို့ ဖော်ပြထားပါတယ်။

တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဒီလဆန်းပိုင်းမှာ သဘောတူထားတာဖြစ်ပါတယ်။

ကေအန်ယူနဲ့ မြန်မာအစိုးရအကြား ဧပြီလက ရန်ကုန်မြို့မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ  ပြည်ထောင်စု အဆင့်  အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013