DVB Logo
Home
မြန်မာသတင်း
လှိုင်​သာယာတွင် တ​ရက်​လျှင် သက်​ငယ်​မုဒိမ်း ၂ မှုမှ ၃ မှုအထိ ဖြစ်နေ
DVB
·
November 11, 2018
လှိုင်​သာယာတွင် တ​ရက်​လျှင် သက်​ငယ်​မုဒိမ်း ၂ မှုမှ ၃ မှုအထိ ဖြစ်နေ
Donate to DVB

လှိုင်​သာယာမြို့နယ်​မှာ တ​ရက်​ကို သက်​ငယ်​မုဒိမ်းမှုပေါင်း ၂ မှုကနေ ၃ မှုအထိ ဖြစ်​ပွား​နေတယ်​လို့ win win အမျိုးသမီးကူညီမှုအသင်းဥက္ကဋ္ဌ ​ဒေါ်​ကေသီဝင်းက ပြောပါတယ်။

ဒီနေ့ပြုလုပ်တဲ့ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ ကာကွယ်ရေး ဆွေးနွေးပွဲမှာ လိုင်​သာယာမြို့နယ်​ရဲတပ်​ဖွဲ့ရဲ့ စာရင်းကို​ ကိုးကာ​ပြောဆိုသွားတာပါ။

လှိုင်သာယာမြို့နယ် ဒုတိယအုပ်​ချုပ်​​ရေးမှူး ဦးချစ်​ကိုကိုက​လည်း လှိုင်သာယာမြို့နယ်​ဟာ သက်​ငယ်​မုဒိန်းမှု အများဆုံး အ​ခြေအ​နေ​မှာ ရှိ​နေတယ်​လို့​ ပြောပါတယ်​။

သက်ငယ်​မုဒိန်းမှု ကျူးလွန်​ခံရသူ​တွေကို ပတ်​ဝန်းကျင်​က နှစ်​သိမ့်​ပြောဆိုမှုတွေနဲ့ ကျူးလွန်​ခံရသူ​တွေဟာ ရဲစခန်းကို တိုင်​ကြားလိုက်​ရင်​ အရှက်​သိက္ခာပိုကျမယ်​ဆိုတဲ့ အ​တွေးတွ​ကြောင့် သွားမတိုင်​​တော့တဲ့ ဖြစ်​ရပ်​​တွေဟာ ကျူးလွန်​သူ​တွေကိုေ​နာက်​ထပ်​ကျူးလွန်​ဖို့ တွန်းအား​ပေးနယ်​တယ်​လို့လည်း ဆိုပါတယ်​။

ဒါ့​ကြောင့် ​သက်​ငယ်​မုဒိမ်းမှု ကျူးလွန်​ခံရတဲ့သူ​တွေကို ​ပတ်​ဝန်းကျင်​က ​ဖေးမ​ပေးဖို့ကိုလည်း လိုင်​သာယာမြို့နယ်​ ဒုတိယအ​ထွေ​ထွေအုပ်​​ရေးမှူး ဦးချစ်​ကိုကိုလွင်​က​ပြောပါတယ်​။

သက်​ငယ်​မုဒိမ်းနဲ့ အမျိုးသမီး​တွေအ​ပေါ် အကြမ်းဖက်​မှု ပ​ပျောက်​ဖို့အတွက်​ လိုင်​သာယာအပါအဝင်​ ရန်​ကုန်​မြို့ရဲ့ဆင်​​ဖုံးရပ်​ကွက်​​တွေမှာ လုပ်​​ဆောင်​သွားဖို့ရှိ​နေပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013