DVB Logo
Home
မြန်မာသတင်း
ရွှေဆံနွယ် အခမဲ့မျက်စိဆေးရုံဖွင့်ပွဲ အထိမ်းအမှတ် အိမ်ထောင်စု ၃၀၀၀ ကို ဆန်အိတ်များလှူဒါန်း
DVB
·
November 11, 2018
ရွှေဆံနွယ် အခမဲ့မျက်စိဆေးရုံဖွင့်ပွဲ အထိမ်းအမှတ် အိမ်ထောင်စု ၃၀၀၀ ကို ဆန်အိတ်များလှူဒါန်း
Donate to DVB

ရွှေဆံနွယ်ဆရာတော် ဒေါက်တာဝါယမာနန္ဒ ဦးဆောင်တဲ့ ရွှေဆံနွယ် အခမဲ့ မျက်စိဆေးရုံ ဖွင့်ပွဲအထိမ်းအမှတ် ဒေသခံ အိမ်ထောင်စု ၃ ထောင်ကို ဆန်တင်း ၁၅၀၀ လှုဒါန်းပွဲကို ဒီနေ့ ကျင်းပခဲ့ပါတယ်။

ရွှေဆံနွယ်ဆေးရုံတည်ရှိရာ ယင်းမာပင်မြို့နယ် ဆင်တဲကျေးရွာအပါအဝင် ရွာနီးချုပ်စပ်က အိမ်ထောင်စု ၃ ထောင်အတွက် ၁ အိမ်ထောင်ကို ဆန် ၈ ပြည်ပါ ဆန်အိတ် ၃ ထောင်ကို မျက်စိဆေးရုံဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ လှုဒါန်းတာ ဖြစ်ပါတယ်။

ဖွင့်ပွဲနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း မသန်စွမ်းနှင့် သက်ကြီးရွယ်အိုတွေအတွက် လက်တွန်းဘီးတပ်ကုလားထိုင် အစုံ ၃၀၀ လှုဒါန်းခဲ့ပါသေးတယ်။

အဓိကအလှုရှင်ကတော့ ဟောင်ကောင်၊ မကာအို၊ ဗီယက်နမ်၊ ဩစတြေးလျတို့က အလှူရှင်အဖွဲ့နဲ့ venevolence charity hall အဖွဲ့တို့က လှုဒါန်းတာဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့မှာလည်း ဆေးရုံကို သံဃာအပါး ၂၀၀ ပင့်ဖိတ်ကာ ရေစက်ချ လှုဒန်းသွားဦးမှာဖြစ်ပါတယ်။ ဆေးရုံဖွင့်ပွဲလာရောက်ကြတဲ့ ထောင်ပေါင်းများစွာသော ဧည့်ပရိတ်သတ်တွေကိုလည်း ထမင်းဟင်းတွေနဲ့ တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013