DVB Logo
Home
မြန်မာသတင်း
နတ္တလင်း ဖျော်ဖြေပွဲ ပျက်သွားသည့်အပေါ် အဆိုတော်သားငယ် ရှင်းလင်း (ရုပ်သံ)
DVB
·
November 11, 2018
နတ္တလင်း ဖျော်ဖြေပွဲ ပျက်သွားသည့်အပေါ် အဆိုတော်သားငယ် ရှင်းလင်း (ရုပ်သံ)
Donate to DVB

မနေ့ညက နတ္တလင်းမြို့၊ သကျမဟာမြတ်မုနိဘုရားပွဲအကြို တေးဂီတဖျော်ဖြေပွဲ အစီစဉ်ပျက်သွားလို့ ပရိသတ်တွေက စတိတ်စင်၊ စက်ပစ္စည်းနဲ့ ထိုင်ခုံတွေကို ဖျက်ဆီးခဲ့ပါတယ်။

ပွဲစီစဉ်သူက သတ်မှတ်ထားတဲ့အချိန်မှာ သတ်မှတ်ထားတဲ့ အနုပညာကြေးတွေ အကြေအလည် မပေးတာက စဖြစ်တာလို့ အဆိုတော်သားငယ်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ တိုက်ရိုက်ထုတ်လွှင့် ပြောဆိုပါတယ်။

သူ့ အစ်ကိုရဲ့ သူငယ်ချင်းက ပွဲတခု စီစဉ်ချင်တယ်ဆိုပြီး ဆက်သွယ်လာရာကနေ ကြားက အဆိုတော်တွေ၊ တီးဝိုင်းတွေကို ချိတ်ဆက်ပေးဖြစ်ခဲ့တာလို့ ပြောပါတယ်။

“လကုန်တဲ့အထိ ကျနော့်ဆီ စရန်က ရောက်မလာဘူး။ တခြားအဆိုတော်တွေကလည်း ပွဲဖြစ်လား မေးကြတယ်။ ကျနော်ကလည်း စရန်တွေ မပေးသေးဘူး။ ဗီနိုင်းတွေတော့ ထွက်နေပြီပေါ့။

“၉ ရက်နေ့လောက်မှာ ကျနော့်ဆီ စရန် လွှဲပေးတယ်။ သိန်း ၂၀ လွှဲတယ်။ အဲဒီပမာဏက အဖွဲ့လိုက်အနေနဲ့ ကြည့်ရင် အရမ်းနည်းတယ်။ ဒါပေမယ့် ကိုဝေလတို့ကလည်း ညီလေးဆီမှာ ရောက်နေရင် အဆင်ပြေပြီဆိုပြီး ချီတက်လာကြတယ်ပေါ့။

“အဲဒီည ၇ နာရီခွဲလောက်မှာ ပွဲစီစဉ်သူကို ဖုန်းဆက်ပြီး အနုပညာကြေးလေးရှင်းပေးဖို့ ပြောတော့ လာနေပြီတဲ့။ ရောက်လာတော့လည်း အိတ်ထဲမှာ ပိုက်ဆံ ၁၃ သိန်းပဲပါလာတယ်။ ကျန်တာကို တနင်္လာနေ့မှ လွှဲပေးမယ်တဲ့။ ကျနော်တို့ အဆိုတော်တွေရော၊ ဘန် (တီးဝိုင်း)ရော၊ စက်တွေ ဘာတွေရောဆိုရင် သိန်း ၁၀၀ နီးနီးလောက် ရှိတယ်။”

ပွဲစီစဉ်သူက ဖျော်ဖြေပွဲကို နတ္တလင်းမြို့အထွက်က ဘောလုံးကွင်းမှာပြုလုပ်ထားပြီး အာဇာနည်၊ ဝေလ၊ သားငယ်၊ ပိုးမီ၊ မိုင်းမိုင်ဆန်းတို့နဲ့အတူ အခြားအဆိုတော်တွေလည်း ပါတယ်လို့ ကြော်ငြာကာ ဝင်ကြေးက ၅၀၀၀ နဲ့ ခုံ ၁၀၀၀၀ ကျပ်တွေနဲ့ လက်မှတ်တွေ ရောင်းချထားပါတယ်။

ဒါပေမယ့် ပွဲအစမှာ အစီအစဉ်ပျက်သွားတာကြောင့် အထဲမှာရောက်နေတဲ့ ပရိသတ်က ဒေါသထွက်ပြီး ခုံတွေကို ရိုက်ချိုးခဲ့ကြသလို စတိတ်ရှိုးစင်ပေါ်က ပစ္စည်းတွေကိုလည်း ဖျက်ဆီးခဲ့ကြတာလည်း ဖြစ်ပါတယ်။

အခုလို ဖျော်ဖြေပွဲပျက်သွားတာနဲ့ ပတ်သက်ပြီး ပွဲစီစဉ်သူတွေဘက်ကတော့ တစုံတရာ ထုတ်ပြန်ပြောကြားတာ မရှိသေးပါဘူး။

အဆိုတော် သားငယ် ရှင်းလင်းချက် ရုပ်သံဖိုင်တွင် အပြည့်အစုံကြည့်ရှုရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013