DVB Logo
Home
မြန်မာသတင်း
YBS ယာဉ်မောင်းကို သံတုတ်ဖြင့် ရိုက်ခဲ့မှု အပြန်အလှန်တရားစွဲ(ရုပ်သံ)
DVB
·
November 11, 2018
YBS ယာဉ်မောင်းကို သံတုတ်ဖြင့် ရိုက်ခဲ့မှု အပြန်အလှန်တရားစွဲ(ရုပ်သံ)
Donate to DVB

ဒလ-တွံတေးပြေးဆွဲတဲ့ YBS ကားကယာဉ်မောင်းကို တက္ကစီယာဉ်မောင်းက သံတုတ်နဲ့ ရိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ နှစ်ဖက် အပြန်အလှန် အမှုဖွင့်ထားတယ်လို့ ဒလ-တွံတေး YBS ယာဉ်လိုင်းကို ပြေးဆွဲနေတဲ့ စံဝေလအများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပါတယ်။

တွံတေးရဲစခန်းမှာ YBS ယာဉ်မောင်း ဦးကျော်မင်းအောင်ရဲ့ တိုင်တန်းချက်အရ တက္ကစီယာဉ်မောင်းကို ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာမှု ပုဒ်မ-၂၉၄၊ ရိုက်မှုပုဒ်မ ၃၂၅ တို့နဲ့ အမှုဖွင့်ထားပြီး တက္ကစီယာဉ်မောင်းက YBS ယာဉ်မောင်းကို ညစ်ညမ်းစွာ ဆဲဆိုမှု ပုဒ်မ-၂၉၄ နဲ့ ပြန်အမှုဖွင့်ထားပါတယ်။

TAXI ယာဉ်မောင်းအနေနဲ့ အာမခံလျောက်ထားရရှိထားပြီး YBS ယာဉ်မောင်း ဦးကျော်မင်းအောင် အာမခံရယူဖို့ကို ဆောင်ရွက်ပေးသွားမယ်လို့  ကုမ္ပဏီဥက္ကဋ္ဌက ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က ဒလမြို့ သင်္ဘောဆိပ် ကားကြီးကွင်းကနေထွက်ခွာလာတဲ့ YBS ယာဉ်မောင်း ဦးကျော်မင်းအောင်ကို တက္ကစီယာဉ်မောင်းက သံတုတ်နဲ့ ရိုက်ခဲ့တာပါ။

ဒလ-တွံတေးလမ်းကြောင်းကို စံဝေလကုမ္ပဏီက ၂၀၁၈ ဇူလိုင်က စတင်ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။

(အာကာ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013