DVB Logo
Home
မြန်မာသတင်း
အန်စီအေကို နားလည်သလို အကောင်အထည်ဖော်နေကြဟု ကေအန်ယူပြော
DVB
·
November 11, 2018
အန်စီအေကို နားလည်သလို အကောင်အထည်ဖော်နေကြဟု ကေအန်ယူပြော
Donate to DVB

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်တဲ့ Stakeholder တွေအနေနဲ့ အန်စီအေအပေါ် နားလည်မှု ကွဲလွဲနေတာတွေကို ဖြေရှင်းဖို့ထက် ရှောင်ကွင်းပြီး နားလည်သလို အကောင်အထည်ဖော်နေကြ တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၆ ရက်ကနေ ၁၀ ရက်နေ့အထိ ကရင်ပြည်နယ် ဘားအံခရိုင်၊ လေးဝါးမှာ ပြုလုပ်ခဲ့တဲ့ ကေအန်ယူရဲ့ ၆ ကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးအပြီး ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ဒီအစည်းအဝေးမှာ ပြီးခဲ့တဲ့ အောက်တိုဘာလက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သီးသန့် အစည်းအဝေးဖြစ်စဉ်နဲ့ သဘောတူညီချက်တွေအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှု အားနည်းချက်၊ အားသာချက်တွေကို သုံးသပ်ခဲ့တယ်လို့ ဆိုပါတယ်။

Stakeholder အနေနဲ့ အန်စီအေကို နားလည်သလိုအကောင်အထည်ဖော်နေလို့ ရှုပ်ထွေးတာတွေ ဆင့်ကဲဖြစ်နေပြီး တဖက်မှာလည်း အန်စီအေပါ အချက်တွေကို အကောင်အထည်မဖော်နိုင်သေးတာတွေ အဖြေရှာနိုင်ရေးအတွက် အလွတ်သဘော ဆက်လက်ဆွေးနွေးသွားမယ်လို့ ဖော်ပြထားပါတယ်။

အစိုးရနဲ့ တပ်မတော်ဘက်က အန်စီအေ သဘောတူစာချုပ်မှာ မပါဝင်တဲ့ ခွဲမထွက်ရနဲ့ တခုတည်းသော တပ်မတော်ကိစ္စရပ်တွေကို ဆွေးနွေးဖို့ တင်သွင်းလာပြီး အဲဒီကိစ္စကို လက်ခံမှ ဆက်လက် ဆွေးနွေးသွားမယ့် သဘောဖြစ်နေကြောင်း၊ ကေအန်ယူအနေနဲ့ လုံခြုံရေးစနစ်ကို အကျေအလည် ဆွေးနွေးပြီးမှ အခုအဆင့်ကို သွားလိုကြောင်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင် လေးနက်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေရဖို့ တောင်းဆိုတာတွေကို လျစ်လျူရှုတာ၊ ကန့်သတ်တာတွေကြောင့် တိုင်းရင်းသားနယ်မြေတွေမှာ တိုက်ပွဲတွေ ဖြစ်နေသလို ပုံသဏ္ဌာန် အမျိုးမျိုးကွဲတဲ့ ကန့်သတ်ပိတ်ပင်တာက ကင်းလွတ်ပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ အခင်းအကျင်းကို ဖန်တီးနိုင်မှ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်မယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တရားဝင်အစည်းအဝေးတွေ တက်ရောက်တာကို  ယာယီရပ်ဆိုင်းထားပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးတဲ့ လမ်းကြောင်းက တဆင့် ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

အခုသွားနေတဲ့ အလွတ်အသဘောတွေက အလွတ်သဘောလို့ နာမည်တပ်ထားပေမယ့် သူ့ရပ်တည်ချက်၊ ကိုယ့်ရပ်တည်ချက်ကို ကိုင်လာပြီး ဆွေးနွေးတော့ အလွတ်သဘောဟာ အလွတ်သဘောလို မမည်ဘဲ တရားဝင် အစည်းအဝေးလိုဖြစ်နေပြီး ကေအန်ယူအနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက် ငြိမ်းချမ်းစွာအဖြေရှာတဲ့နည်းလမ်း၊ အင်အားမသုံးဘဲ အဖြေရှာတဲ့နည်းလမ်းနဲ့ ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013