DVB Logo
Home
မြန်မာသတင်း
သက်ကြီးသတင်းစာဆရာ/ဆရာမကြီးများ ပူဇော်ကန်တော့ပွဲ မန္တလေးတွင် ပြုလုပ်
DVB
·
November 11, 2018
သက်ကြီးသတင်းစာဆရာ/ဆရာမကြီးများ ပူဇော်ကန်တော့ပွဲ မန္တလေးတွင် ပြုလုပ်
Donate to DVB

မန္တလေးမြို့ ချမ်း​အေးသာစံမြို့နယ်​မှာ မြန်မာနိုင်ငံ စာရေးဆရာအသင်း (မန္တလေးတိုင်းဒေသကြီး) က တတိယအကြိမ်မြောက် သက်ကြီးသတင်းစာဆရာ/ဆရာမကြီးများ ပူဇော်ကန်တော့ပွဲကို နိုဝင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းက ၇၁ လမ်း ၂၈ လမ်း ရွှေခန်းမမှာ ပြုလုပ်​ခဲ့ပါတယ်​။

အသက် ၈၀ နဲ့အထက် သတင်းစာဆရာ/ဆရာမကြီးတွေကို ကန်တော့ခံပစ္စည်းတွေနဲ့အတူ ကန်တော့ခဲ့ကြပါတယ်။

ပူဇော်ကန်တော့တဲ့ပွဲကို ကန်တော့ခံ သတင်းစာဆရာ/ဆရာမ ၁၀ ဦးထဲက ၈ ဦး တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ သတင်းစာဆရာအသင်း မန္တလေးတိုင်းဒေသကြီး အမှုဆောင်တွေနဲ့အတူ အသင်းဝင်တွေ၊ အခြား သတင်းမီဒီယာတွေက တက်ရောက် ကန်တော့ခဲ့ကြပါတယ်​။

သတင်း​ဆရာ​တွေအ​နေနဲ့ အ​ရောင်​အ​သွေးမခွဲခြားဘဲ အမှန်​တရားကို လက်​ကိုင်​ထား​ရေးသားကြဖို့ စာ​ရေးဆရာကြီးဦးညီပု (မျိုးညီညီ​မော်​)က သြဝါဒ​ပေးဆုံးမသွားခဲ့ပါတယ်။

သတင်းမီဒီတွေအနေနဲ့ မှန်တာကို ရေးသားတင်ပြနိုင်ဖို့နဲ့ အချင်းချင်း ရိုင်းပင်းကူညီကြဖို့၊ စည်းလုံးညီညွတ်ကြဖို့ လိုတယ်လို့ သတင်းစာဆရာကြီး ရွှေရိုး (မန္တလေး) က သြဝါဒ​ပေးခဲ့ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013