DVB Logo
Home
မြန်မာသတင်း
နတ္တလင်းတွင် ဖျော်ဖြေပွဲအစီအစဉ်ပျက်သွား၍ စတိတ်စင်နှင့်ထိုင်ခုံများကို ဖျက်ဆီး (ရုပ်သံ)
DVB
·
November 11, 2018
နတ္တလင်းတွင် ဖျော်ဖြေပွဲအစီအစဉ်ပျက်သွား၍ စတိတ်စင်နှင့်ထိုင်ခုံများကို ဖျက်ဆီး (ရုပ်သံ)
Donate to DVB

နတ္တလင်းမြို့၊ သကျမဟာမြတ်မုနိဘုရားပွဲအကြို တေးဂီတဖျော်ဖြေပွဲ အစီစဉ်ပျက်သွားတာကြောင့် စတိတ်စင်နဲ့ ထိုင်ခုံတွေ ဖျက်ဆီးခံခဲ့ရပါတယ်။

ပဲခူးတိုင်း၊ နတ္တလင်းမြို့မှာ နှစ်စဉ်ကျင်းပပြုလုပ်တဲ့ သကျမဟာမြတ်မုနိဘုရားပွဲအတွက် အကြိုအနေနဲ့ မနေ့ညက အာဇာနည်၊ ဝေလ၊ သားငယ်၊ ပိုးမီ၊ မိုင်းမိုင်ဆန်းတို့နဲ့အတူ အခြားအဆိုတော်တွေလည်း ပါတယ်လို့ ကြော်ငြာပြီး လက်မှတ်ရောင်းထားတာပါ။

ဒါပေမယ့် ပွဲအစမှာ အစီအစဉ်ပျက်သွားတာကြောင့် အထဲမှာရောက်နေတဲ့ ပရိသတ်က ဒေါသထွက်ပြီး ခုံတွေကို ရိုက်ချိုးခဲ့ကြသလို စတိတ်ရှိုးစင်ပေါ်က ပစ္စည်းတွေကိုလည်း ဖျက်ဆီးခဲ့ကြတာလို့ ဇီးကုန်းမြို့ကနေ ပွဲလာကြည့်တဲ့ ကိုနိုင်လင်းက ပြောပါတယ်။

စတိတ်ရှိုး ကို နတ္တလင်းမြို့အထွက်က ဘောလုံးကွင်းမှာပြုလုပ်ထားပြီး ဝင်ကြေးက ၅၀၀၀ နဲ့ ခုံ ၁၀၀၀၀ ကျပ်တွေနဲ့ လက်မှတ်တွေ ရောင်းချထားပါတယ်။

နတ္တလင်း အရန်မီးသတ်တပ်ရင်းမှူး ဦးမိုးကြီးက ဒီပွဲကို အရန်မီးသတ်အင်အား ၄၀ နဲ့ ပွဲခင်းလုံခြုံရေးအတွက် ချပေးထားပေမယ့် လူအုပ်က အရမ်းများပြီး ခုံတွေရိုက်ချိုး တာလပတ်တွေ အကာတွေ မီးရှို့ပြီး ခဲတွေနဲ့ပစ်နေတာကြောင့် သူတို့အနေနဲ့ ဝင်ဖျန်ဖြေဖို့ အဆင်မပြေတာကြောင့် မိခင်စခန်းတွေမှာပဲ နေရာယူထားရတယ်လို့ ပြောပါတယ်။

နတ္တလင်း ရဲစခန်းတာဝန်ရှိသူ တယောက်ကတော့ ပွဲကိုဖျက်လို့ ပရိသတ်တွေက ဖျက်ဆီးတာဖြစ်ပြီး လက်ရှိအချိန်ထိတော့ စခန်းမှာ အမှုဖွင့်ထားတာ မရှိဘူးလို့ ပြောပါတယ်။

ည ၁၁ နာရီကျော်လောက်မှာ ရဲကားတွေ ဝင်လာပြီး လူအုပ်ကြီးလည်း လူစုခွဲသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖျော်ဖြေပွဲကို ဘာကြောင့် ဖျက်သိမ်းခံရတယ်ဆိုတာတော့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013