DVB Logo
Home
မြန်မာသတင်း
သတင်းမီဒီယာကောင်စီဝင်အသစ်ကို တာဝန်လွှဲပြောင်း
DVB
·
November 10, 2018
သတင်းမီဒီယာကောင်စီဝင်အသစ်ကို တာဝန်လွှဲပြောင်း
Donate to DVB

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ တာဝန်လွှဲပြောင်းတဲ့ အခမ်းအနားကို ဒီနေ့မနက် အမှတ် ၁၉၂/ ၁၉၆ ၊ ကုန်သည်လမ်း ဗိုလ်တစ်ထောင်မြို့နယ်ရှိ သတင်းမီဒီယာကောင်စီ ရုံးခန်းသစ်မှာ ကျင်းပခဲ့ပါတယ်။

မီဒီယာကောင်စီ ဒုတိယသုံးနှစ်သက်တမ်းအတွက် ကောင်စီဝင်များကို ၂၀၁၈ စက်တင်ဘာ (၈) ရက်နေ့က ရွေးချယ်ခဲ့ပြီး  အောင်တိုဘာ ၃၀ ရက်နေ့မှာ သတင်းမီဒီယာ ပုဒ်မ-၁၃ အရ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို သမ္မတရုံး အမိန့်နဲ့ ဖွဲ့စည်းခဲ့တာပါ။

သမ္မတ ကိုယ်စားလှယ်၊ လွှတ်တော်ကိုစားလှယ်၊ မီဒီယာအဖွဲ့အစည်း၊ ပညာရှင်အဖွဲ့အစည်း၊ စာရေးဆရာအဖွဲ့အစည်းနဲ့ ကာတွန်းအဖွဲ့အစည်း စတဲ့အဖွဲ့အစည်းတွေက  ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အဖွဲဝင် ၂၉ ဦး ပါဝင်ပါတယ်။

မီဒီယာကောင်စီရဲ့ အဓိက တာဝန်တွေထဲမှာ သတင်းမီဒီယာဥပဒေ အမြန်ဆုံး ပေါ်ပေါက်ရေးနဲ့ သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းရေးတို့ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013