မတ်ပဲ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ (FAQ/RC) က ပိဿာ ၆ဝ ဝင် တအိတ်ကို ၉ဝ၅ဝဝ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၅ဝဝကျပ် ဈေးကျဆင်းသွားပါတယ်။
အောင်လံ ကုန်စည်ဒိုင်မှာတော့တော့ တအိတ်ကို ၉ဝဝဝဝ ပေါက်ဈေးရှိပြီး မနေ့က ဈေးအတိုင်း အပြောင်းအလဲမရှိပါဘူး။
ရန်ကုန်နဲ့အောင်လံ ကုန်စည်ဒိုင် တအိတ်ကို ၅ဝဝ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။
ပဲစင်းငုံနီ
မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာ ပဲစင်းငုံနီအဟောင်းက တအိတ်ကို ၇၁၅ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၅ဝဝ ကျပ် ဈေး ကျဆင်းသွားပါတယ်။
ပခုက္ကူကုန်စည်ဒိုင်မှာတာ့ တအိတ်ကို ၇၁၁ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၈ဝဝ ကျပ်ဈေး ကျဆင်းသွားပါတယ်။
မန္တလေး နဲ့ ပခုက္ကူကုန်စည်ဒိုင် တစ်အိတ်ကို ၄ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
ကုလားပဲ
မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲက ၅၇ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၇၅ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၄ဝဝဝ ကျပ်ဈေး ကျဆင်းသွားပါတယ်။
ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၅ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၁ဝဝ ကျပ်ဈေး ကျဆင်းသွားပါတယ်။
မန္တလေး နဲ့ ပခုက္ကူကုန်စည်ဒိုင် ဈေးကွာခြားမှုရှိပါတယ်။
နှမ်းနက်(စမုံ)
မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်(စမုံ)က ၄၅ ပိဿာဝင် တအိတ်ကို ၂၄၆ဝဝဝ ကနေ ၂၆၅ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၅ဝဝဝ ကျပ်ဈေး ကျဆင်းသွားပါတယ်။
အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၂၅ဝဝဝဝ ကနေ ၂၅၅ဝဝဝ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။
မန္တလေး နဲ့ အောင်လံ ကုန်စည်ဒိုင် တအိတ်ကို ၁ဝဝဝဝ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။
နှမ်းညို
မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းညို တအိတ်ကို ၁၇၅ဝဝဝ ကနေ ၁၈ဝဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁ဝဝဝဝ ကျပ်ဈေး တက်လာပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၇၁ဝဝဝ ရှိပြီး တအိတ်ကို ၄၅ဝဝ ကျပ်ဈေး တက်လာပါတယ်။
မန္တလေး နဲ့မြင်းခြံ ကုန်စည်ဒိုင် တအိတ်ကို ၉ဝဝဝ ဈေး ကွာခြားမှုရှိပါတယ်။
စားအုန်းဆီ
မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီက တပိဿာကို ၁၆၅ဝ ကနေ ၁၆၅၅ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၂၅ ကျပ်ဈေးကျဆင်းသွားပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၁၇၂ဝ ကနေ ၁၇၃ဝ ပေါက်ဈေးရှိပြီး တပိဿာကို ၁ဝ ကျပ်ဈေးကျဆင်းသွားပါတယ်။
မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၇၅ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
သတင်း – AMIA











