DVB Logo
Home
မြန်မာသတင်း
ရခိုင်သို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ဝင်ရောက်မှု ကျဆင်း
DVB
·
November 10, 2018
ရခိုင်သို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ဝင်ရောက်မှု ကျဆင်း
Donate to DVB

ရခိုင်ပြည်နယ်ကို ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေဝင်ရောက်မှု ၂ဝ၁၇ ခုနှစ်ထက် ပိုမိုကျဆင်းသွားတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ပြောပါတယ်။

၂ဝ၁၇ ခုနှစ် စက်တင်ဘာအထိ ပြည်တွင်းပြည်ပခရီးသွား ရခိုင်ပြည်နယ်ကို ဝင်ရောက်မှု ၁၁၈၈၂၈ ဦးနဲ့ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်မှု ၉၉၇၉၇ ဦးသာရှိခဲ့တယ်လို့ ဟိုတယ်နဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ ခရီးသွားလာရေးဝန်ကြီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံး ဒုညွှန်ကြားရေးမှူး ဦးမိုးအောင်က ပြောပါတယ်။

“ဒီနှစ်ဇန်နဝါရီလကနေ စက်တင်ဘာလအထိ နှိုင်းယှဉ်မယ်ဆိုရင် ပြည်တွင်းပြည်ပ ဧည့်သည်ဝင်ရောက်မှု လျှော့နည်းမှုရှိတယ်။ ၂ဝ၁၇ ခုနှစ်မှာ ပြည်ပဧည့်သည်တွေ ဝင်ရောက်မှုကတော့ ၄၈၈ဝဝ ကျော်ရှိတဲ့အထဲမှာ ဒီနှစ်မှာဆိုရင် စက်တင်ဘာလကုန်အထိ ၃ဝ၁ဝဝ ကျော်ပဲ ရှိတယ်။ ပြည်တွင်းပြည်ပ စုစုပေါင်းကတော့ ၂ဝ၁၇ ခုနှစ် စက်တင်ဘာအထိ ၁၁၈၈၂၈ ဦးနဲ့ ၂ဝ၁၈ ခုနှစ် ပြည်တွင်းပြည်ပ ဧည့်သည်ဝင်ရောက်မှု ၉၉၇၉၇ ဦးရှိပါတယ်” လို့ပြောပါတယ်။

အခုလို ပြည်တွင်းပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုကျဆင်းနေတာ ၂ဝ၁၇ ခုနှစ်က စ တင်ကျဆင်းလာတာဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးကိစ္စကြောင့် ဝင်ရောက်မှု ပိုမိုးနည်းပါးလာရတာလို့ ဆိုပါတယ်။

“တချို့ပြည်ပမီဒီယာတွေကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းဘက်ကို ခရီးမသွားကြဖို့ အန္တရာယ်ရှိတယ်ဆိုပြီး ပြောဆိုရေးသားကြတာရှိတာပေါ့။ အမှန်တကယ်တော့ ကျနော်တို့မြောက်ဦးတို့ ငပလီတို့အားလုံး ငြိမ်းငြိမ်း ချမ်းချမ်းပါပဲ။ ဘာမှမဖြစ်ပါဘူး။ ဧည့်သည်တွေလည်း သွားလာနေတတာပဲ၊ ဘာမှလည်ူ အခက်အခဲမရှိပါဘူး။ မြောက်ပိုင်းအခြေအနေတွေကြောင့် အခုလိုကျဆင်းတာပေါ့။”

အခုလို ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်မှု ကျဆင်းမှုကြောင့် ဟိုတယ်လုပ်ငန်းအချို့ အဆင်မပြေ ဖြစ်နေကြတယ်လို့ စစ်တွေမြို့ဟိုတယ် မန်မိုရီ ( HOTEL MEMORY ) တာဝန်ရှိသူခေါင်းဆောင်တဦးဖြစ်တဲ့ ကိုနေလင်းက ပြောပါတယ်။

“၂ဝ၁၆ ခုနှစ် နှိုင်းရင် ၈ဝ ရာခိုင်းနှုန်း ကျဆင်းသွားတယ်လို့ ပြောလို့ရမယ်။ ဒီ ၂ နှစ်အတွင်းပေါ့လေ။ ကျနော်တို့ ဟိုတယ်က ကျနော် အဓိက နိုင်ငံခြားဧည့်သည်တွေကို ပစ်မှတ်ထားပြီး အလုပ်လုပ်ကြတာပေါ့လေ။ အခုလို နည်းသွားတဲ့အခါကျတာ့ အခန်းပိုင်းတွေ ရောင်းရတာလည်း အဆင်မပြေဘူး။ နောက်ပြီး ကျနော်တို့ ဝန်ထမ်းတွေအပိုင်းကျရော အဆင်ပြေဘူး။”

ဒီနှစ်ကုန်ပိုင်းလောက်စပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်လာလိမ့်မယ်လို့ ဟိုတယ်လုပ်ငန်းရှင်အချို့က မျှော်လင့်နေကြပါတယ်။

ပြည်တွင်းပြည်ပခရီးသွားဧည့်သည်တွေ ဝင်ရောက်လာမှု နည်းလာတာကြောင့် အဓိက နိုင်ငံခြားသားလုပ်ငန်းရှင်တွေကို မှီခိုနေတဲ့ စားသောက်ဆိုင်တွေနဲ့ ပြည်တွင်းဖြစ်ရိုးရာ အရောင်းဆိုင်တွေလည်း ထိခိုက်မှု ရှိနေကြတာပါ။

ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေဟာ ရခိုင်ပြည်နယ်အတွင်း ငပလီကမ်းခြေနဲ့ မြောက်ဦး ရှေးဟောင်းမြို့တော်နေရာတွေကို အများဆုံး သွားရောက်လည်ပတ်ကြတာလည်း ဖြစ်ပါတယ်။

ငပလီ-သံတွဲဆိုရင် ၂ဝ၁၇ ခုနှစ်စက်တင်ဘာလအထိ ပြည်ပဧည့်သည်ဝင်ရောက်မှု ၃၂ဝဝဝ ကျော်ရှိပြီး ၂ဝ၁၈ ခုနှစ် စက်တင်ဘာအထိ ငပလီ-သံတွဲကို ပြည်ပဧည့်သည်ဝင်ရောက်မှု ၂၂၁ဝဝ ဝင်ရောက်ခဲ့ကာ ခရီးသွားဧည့် ၁ဝဝဝ ကျော်လောက် လျှော့နည်းသွားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကို ပြည်ပဧည့်သည်တွေ ပိုမိုဝင်ရောက်လာနိုင်ဖို့အတွက် တရုတ်-ဂျပန်- ကိုရီးယားနိုင်ငံ အပါအဝင် နိုင်ငံအချို့ကို ဗီဇာဖြေလျှော့မှုတွေလုပ်ဖို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ပြင်ဆင်နေတယ်လို့ ဟိုတယ်နဲ့ ဒုညွှန်ကြားရေးမှူး ဦးမိုးအောင်က ပြောပါတယ်။

သတင်း၊ဓာတ်​ပုံ-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013