DVB Logo
Home
မြန်မာသတင်း
ဆောင်းသီးနှံအတွက် လက်ရှိချေးပေးမည့်စနစ်ကြောင့် တောင်သူများ အခက်ကြုံ
DVB
·
November 10, 2018
ဆောင်းသီးနှံအတွက် လက်ရှိချေးပေးမည့်စနစ်ကြောင့် တောင်သူများ အခက်ကြုံ
Donate to DVB

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဆောင်းသီးနှံစိုက်ပျိုးစရိတ်အတွက် အခု ချေးပေးမယ့် ပုံစံကြောင့် အခက်အခဲ ကြုံနေကြတယ်လို့ တောင်သူတွေက ပြောပါတယ်။

အောက်တိုဘာ ၂၀ ရက်က နိုင်ငံပိုင်သတင်းစာတွေကတဆင့် ကြေညာခဲ့တာမှာ တောင်သူတွေ ပိုင်ဆိုင်တဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) မူရင်းကို ဘဏ်မှာ အပေါင်ထားပြီး တောင်သူတယောက်ချင်း ကိုယ်တိုင်အာမခံတဲ့ စနစ်နဲ့ ထုတ်ချေးပေးသွားမယ်လို့ ဆိုပါတယ်။

ဖြူးမြို့နယ် ဒေသခံတောင်သူ ဦးမြင့်ဆောင်က “ညွှန်ကြားချက်အရဆိုရင် နောက်ထပ်ပုံစံ (၇) ရှိမှာပဲ ထုတ်ချေးလို့ရမယ့် အနေအထားဖြစ်နေတယ်။ ကျနော်တို့မှာ ပုံစံ (၇) နှစ်ခုမရှိပါဘူး။ နိုင်ငံတော်ကလည်း ပုံစံ (၇) တခုပဲ ထုတ်ပေးထားတာပါ။ လယ်ဧက ငါးဆယ်ရှိရင်တောင် ပုံစံ (၇) တခုပဲထုတ်ပေးပါတယ်။ အခု ကျနော်တို့မှာရှိတဲ့ ပုံစံ (၇) ကလည်း မိုးစပါးမှာ ထုတ်ချေး ထားတာဖြစ်တဲ့အတွက် စိုက်ဘဏ်မှာ အပ်ထားရတယ်။ ဒါကြောင့် ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေထုတ်ယူမရမယ့် အနေအထားဖြစ်နေတယ်။ ခေတ်အဆက်ဆက်မှာ ထုတ်ချေးပေးနေတဲ့ ဆောင်းသီးနှံချေးငွေဟာ ဒီနှစ်မှာတော့ ဆုံးရှုံးရတော့မှာဖြစ်ပါတယ်" လို့ ပြောပါတယ်။

တောင်သူ ဦးသန်းဝင်းကလည်း အခု တောင်သူတွေဖြစ်နေတဲ့ အခက်အခဲတွေကို တောင်သူတွေ မဖြေရှင်းနိုင်ဘဲ ပြည်သူကို ကိုယ်စားပြုသူတွေ ကူညီမှ ပြေလည်နိုင်မယ်လို့ ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးကတော့ မိုးစပါးချေးငွေ အကျေပေးဆပ်ပြီးမှ ဆောင်းသီးနှံ ချေးငွေ ထုတ်ပေးမယ့် အစီအစဉ်ဟာ တောင်သူတွေ အခက်အခဲ ဖြစ်စေလို့ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ရဲ့ ထောက်ခံချက်နဲ့ ဆောင်းသီးနှံချေးငွေ ထုတ်ယူခွင့်ရပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မနှစ်က ဆောင်းသီးနှံတဧကကို ၅၀၀၀၀ ကျပ် နှုန်းချေးပေးခဲ့ရာက အခု ၂၀၁၈/၁၉ ဘဏ္ဍာရေးနှစ်မှာ တဧကကို ၁ သိန်းနှုန်းအထိ တိုးမြှင့်ချေးပေးသွားမှာ ဖြစ်ပါတယ်။

သတင်း ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013