DVB Logo
Home
မြန်မာသတင်း
ပုဒ်​မ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသည့် အန်အယ်လ်ဒီအလုပ်အမှုဆောင် ရဲစခန်းတွင် အစစ်​ခံ
DVB
·
November 10, 2018
ပုဒ်​မ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသည့် အန်အယ်လ်ဒီအလုပ်အမှုဆောင် ရဲစခန်းတွင် အစစ်​ခံ
Donate to DVB

ဆက်​သွယ်​​ရေး ဥပ​ဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခံထားရတဲ့ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီ မ​ကွေးတိုင်း​ဒေသကြီး အလုပ်​အမှု​ဆောင်​ ဦးမြတ်​ကိုဟာ နိုဝင်​ဘာလ ၁၀ ရက်​​နေ့ မနက်​ပိုင်းက မင်းဘူးမြို့မ ရဲစခန်းမှာ လာ​ရောက်​အစစ်​ခံခဲ့ပါတယ်။

ဦးမြတ်​ကိုက သူနဲ့​ Nan Da အ​ကောင့်ပိုင်​ရှင်​ကို မင်းဘူး အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးတင်​​အောင်​ထွန်းက ၆၆ (ဃ) နဲ့ အမှုဖွင့်​ထားတဲ့အတွက်​ အခုလို လာ​ရောက်​ အစစ်​ခံတာလို့ ပြောပါတယ်။

“Nan Da အ​ကောင့်ပိုင်​ရှင်​က​တော့ အန်အယ်လ်ဒီပါတီက ဦး​အောင်​ဝင်းပါ။ ဦး​အောင်​ဝင်းတင်​တဲ့ ပို့စ်​​အောက်​မှာ Comment တခုဝင်​​ရေးလိုက်​တာဖြစ်​ပြီး အသုံးပြုခဲ့တဲ့ ဖုန်းကို အပ်​နှံ​ပေးခဲ့တာပါ။ ပါတီရဲ့ မူဝါဒအတိုင်း တရားဥပ​ဒေစိုးမိုး​ရေးကို အဓိကထားတာဖြစ်​တဲ့အတွက်​ ဥပ​ဒေ​ဘောင်​အတွင်းကပဲ ​ဖြေရှင်းမှာပါ။ ဘယ်​သူမှားတယ်​မှန်​တယ်​ဆိုတာ ပြည်​သူက ဆုံးဖြတ်​မှာဖြစ်​ပြီး မမှန်​တဲ့သူ ကျဆုံးပါလိမ့်​မယ်​” လို့ ဒီဗွီဘီကို ​ပြောပါတယ်​။

မင်းဘူးမြို့မရဲစခန်းက အမှုစစ်​ ဒုရဲအုပ်​ဇင်​လင်းထိုက်​က "Nan Da အ​ကောင့်ပိုင်​ရှင်​က​တော့ ခရီးလွန်​​နေလို့ မစစ်​​ဆေးရ​သေးပါဘူး။ ဦးမြတ်​ကိုက Nan Da ပို့စ်​ ​အောက်​က​နေ "ပြန်​ကိုက်​ပြီ​ဟေ့" ဆိုတဲ့ Comment ကို ဝင်​​ရေးခဲ့တဲ့အတွက်​ အစစ်​ခံပြီး အသုံးပြုခဲ့တဲ့ ဖုန်းကို အပ်​နှံ​ပေးတာပါ။ Na Da အ​ကောင့်​ပိုင်​ရှင်​က ဦး​အောင်​ဝင်းဆိုတာ တရားလိုရဲ့ တိုင်​ချက်​ထဲမှာလည်းပါတယ်​။ မ​ကွေးတိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​ရဲ့ ကိုယ်​​ရေးအရာရှိလို့ သိရတယ်​" လို့ ပြောပါတယ်​။

မကွေးတိုင်း မဲဆန္ဒနယ် အမှတ် ၅ က ကိုယ်စားလှယ် ဦးတင်အောင်ထွန်းဟာ ပါတီက နုတ်ထွက်ပြီးတဲ့နောက် ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ရဲ့ ပြောဆိုချက်တွေဟာ သူ့ရဲ့ ဂုဏ်သိက္ခာထိခိုက်နစ်နာစေတာကြောင့် အောက်တိုဘာ ၂၃ ရက်က ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှု ဥပဒေနဲ့ အမှုဖွင့်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အောက်တိုဘာ ၂၅ နဲ့ ၂၆ ရက်တွေက Nan Da အကောင့်ပိုင်ရှင်က ဖေ့စ်ဘွတ်ခ်အကောင့်ကနေ “ဗဟို အလုပ်​အမှုဆောင်​အဖွဲ့ဝင်​ ​ဒေါက်​တာမျိုးညွန့်ကို တရားစွဲသတဲ့၊ ပြုံးမိတယ်​” “တရားစွဲတဲ့ ၁ ပြားတန်​​—​ ဖတ်​ရန်​ မှတ်​ရန်​ နောင်​ဘဝထိသိရန်​” စသဖြင့် ရေးသားထားခဲ့သလို Ko Myat Ko အကောင့်ပိုင်ရှင်ကလည်း “ပြန်​ကိုက်​ပြီ​ဟေ့” လို့ မှတ်ချက် ရေးသားခဲ့ပါတယ်။

ဒါကြောင့် အဲဒီအကောင့် ၂ ခုရဲ့ ပိုင်ရှင်တွေကို အရေးယူပေးဖို့ အောက်တိုဘာ ၂၇ ရက်က မင်းဘူးမြို့မ ရဲစခန်းမှာ ဦးတင်အောင်ထွန်းက အမှုဖွင့် တိုင်တန်းခဲ့တာကြောင့် ဆက်​သွယ်​​ရေး ဥပ​ဒေပုဒ်​မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခဲ့တာလည်း ဖြစ်ပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013