DVB Logo
Home
မြန်မာသတင်း
ဒဂုံမြို့သစ် လယ်သမားများ စပါးခင်းရေမြုပ်ပျက်စီးပြီး ချေးငွေပြန်ဆပ်ရန် ခက်ခဲနေ
DVB
·
August 28, 2012
ဒဂုံမြို့သစ် လယ်သမားများ စပါးခင်းရေမြုပ်ပျက်စီးပြီး ချေးငွေပြန်ဆပ်ရန် ခက်ခဲနေ
Donate to DVB

ရေကြီးရေလျှံမှုကြောင့် ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းက ကျေးရွာတွေမှာ စပါးခင်းတွေ ရေမြုပ်ပျက်စီးခဲ့ပြီး လာမယ့်နှစ် စိုက်ပျိုးချေးငွေတွေ ပြန်ဆပ်နိုင်ဖို့ အခက်အခဲ ရှိနေတယ်လို့ လယ်သမားတွေက ပြောပါတယ်။

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်မှာရှိတဲ့ မလစ်ကျေးရွာအုပ်စု၊ ကြာနီကန်၊ ကျူချောင်း အစရှိတဲ့ ကျေးရွာတွေမှာ ရေကြီးမှုဒဏ် ခံနေကြရတာ တလကျော်ပြီ ဖြစ်တဲ့အတွက် စိုက်ဘဏ်က ချေးယူ စိုက်ပျိုးထားတဲ့ စပါးခင်းတွေလည်း ပျက်စီးကုန်ပါတယ်။

ကြာနီကန်ကျေးရွာမှာ နေထိုင်တဲ့ မဌေးက “ကျမလယ် ၄ ဧကလုံး မြုပ်တယ်။ အကုန်လုံးမြုပ်သွားတာ ဘာမှလည်း ပေါ်မလာတော့ဘူး။ အကုန်ဆုံးရှုံးတာ။ ကြဲပြီးကတည်းက ရေတက်လာတော့ ဒီနေ့အထိ ဒီအတိုင်းပဲ ပစ်ထားရတာ ဘာမှလုပ်လို့မရဘူး။ စိုက်ဘဏ်ကတော့ ချေးပြီးသွားပြီ။ ရေမမြုပ်ဘူးဆိုရင် စပါးရောင်းပြီး ပြန်ဆပ် အဲ့လိုလည်း အလဲအလှယ်လုပ်လို့ရတယ်။ အခုရေမြုပ်တော့ ဒုက္ခရောက်တာပေါ့” လို့ ပြောပါတယ်။

အဲ့ဒီကျေးရွာတွေက ရေဘေးသင့်သူတွေအတွက် ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့မှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ သွားရောက်ပြီး ဆန်အိတ် ၂၀ လှူဒါန်းခဲ့ပါတယ်။

အဲဒီကျေးရွာတွေကို သွားရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသူ မမီးမီးက “ဆည်က အရှေ့မှာ ခံနေတဲ့အတွက်ကြောင့် ရေတွေက ရွာထဲကို ဝင်နေတယ်။ ရွာထဲက ရေတွေဟာ ချောင်းထဲကို ဆင်းမသွားနိုင်ဘူး။ ဒီနှစ်မှာ အရင်နှစ်ထက် ကုမ္ပဏီတွေ ဝင်လာပြီး လယ်တွေကိုသိမ်းပြီး ငါးကန်တွေလုပ်လိုက်တော့ ရေလမ်းကြောင်းတွေ ပိတ်တာကတကြောင်း။ ဆည်မြောင်းဦးစီး တာဝန်ဖြစ်တဲ့ ချောင်းတွေ မြောင်းတွေမှာ ဒိုက်ပင်၊ ဗေဒါပင်တွေကို သူတို့က မရှင်းဘဲ ထားတဲ့အတွက် ချောင်းတွေက ကျဉ်းလာတယ်။ အခုသွားကြည့်တော့ စက်လှေတစီးစာကို မနည်းသွားနေရတယ်။ အရင်ကလည်း ရေမကြီးတာ မဟုတ်ဘူး။ ဒါပေမယ့် ၁ ရက် ၂ ရက် ပြန်ကျတာပေါ့။ အခုက လနဲ့ချီပြီး ကြီးနေတယ်။ ဒါကြောင့်လည်း ကလေးပညာရေးနဲ့ ရွာသူရွာသားတွေ အခက်တွေ့နေရတာပေါ့”လို့ ပြောပါတယ်။

ရေကြီးမှုကြောင့် စာသင်ကျောင်းတချို့ ပိတ်ထားရပြီး ဖွင့်တဲ့ ကျောင်းတွေမှာလည်း လမ်းခရီး အခက်အခဲကြောင့် ကလေးတွေအနေနဲ့ ကျောင်းတက်ရောက်နိုင်ခြင်း မရှိသေးပါဘူ။
မြန်မာနိုင်ငံအနှံ့မှာ ရေဘေးဒဏ်ကို ခံနေရတဲ့ လူပေါင်း ၈၀၀၀၀ ကျော်ရှိပြီး လယ်မြေဧက  ၆ သိန်းကျော်လောက် ပျက်စီးခဲ့ပါတယ်။

ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းက ကျေးရွာများတွင် ရေကြီး

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/east dagon flooding/]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013