DVB Logo
Home
မြန်မာသတင်း
မဟာအောင်မြေမြို့နယ် အငြင်းပွားမြေပေါ်တွင် နေထိုင်သူများကို ရဲတပ်​ဖွဲ့ကဖမ်းဆီး
DVB
·
November 10, 2018
မဟာအောင်မြေမြို့နယ် အငြင်းပွားမြေပေါ်တွင် နေထိုင်သူများကို ရဲတပ်​ဖွဲ့ကဖမ်းဆီး
1 / 7
Donate to DVB

မန္တလေးတိုင်း​ဒေသကြီး မဟာအောင်မြေမြို့နယ် သံလျှက်မော်အနောက်ရပ် ချော်ဆိပ်ရပ်ကွက်​ရှိ အငြင်းပွားမှုဖြစ်ပေါ်နေတဲ့ မြေကွက်အမှတ် (၃၇၀) ဦးပိုင် (၁ - က) မြေဧက ၂.၅ ဧကကျော်ပေါ်မှာ နေထိုင်နေတဲ့ ၆ ဦးကို နိုဝင်ဘာလ ၁၀ ရက်နေ့မနက်​က ဖမ်းဆီးခံခဲ့ပါတယ်​။

၁၉၉၅ ခုနှစ်က ကမ်းနားလမ်းဖောက်လုပ်ဖို့ သိမ်းဆည်းခဲ့တဲ့မြေလည်းဖြစ်​ပြီး ယခင်က တောင်သူ ဦးပေါက်စတို့ပိုင်ဖြစ်ကာ ကောက်ပဲသီးနှံမျိုးစုံကို ရာသီတိုင်းစိုက်​ပျိုးခဲ့ပြီး မြေယာအခွန်ပြေစာတွေကို ​နှစ်​စဉ်​​ဆောင်​ထားတယ်​လို့ သိရပါတယ်​။

“ကျနော်က လာရတာဝေးတယ်။ အဖေတို့က ဒီမြေပေါ်မှာ တဲထိုးပြီးနေတာ မူလပိုင်တောင်သူတွေဖြစ်တယ်။ ဒီမြေနဲ့ ပတ်သက်ပြီး မဟာအောင်မြေတရားရုံးကလည်း ပလပ်ခဲ့တယ်” လို့ ဦးပေါက်စရဲ့သား ကိုထွန်းအောင် က ပြောပါတယ်

ဖမ်းဆီးခံရသူတွေကတော့ ဦးပေါက်စ၊ ဒေါ်တင်ဌေး၊ မမြင့်မြင့်စန်း၊ မခိုင်ဇာဝင်း၊ ကိုမိုးသီးနဲ့ ကိုမင်းမင်းခိုင် တို့ဖြစ်ပြီး ဥပဒေအရ အရေးယူသွားမယ်​လို့ ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး)မှ ဒုရဲမှူးကြီး အောင်ဇော်မြင့်က ​ပြောပါတယ်​။

“အရင်က ဒီမြေထဲမှာ ကျူးကျော်နေအိမ် (၁၈) လုံးရှိတယ်​လေ။ ဒါကို စည်ပင်က ဖယ်ပြီး အငှားအိမ်ရာမှာ ချထားလိုက်​တယ်။ ဒီမြေဟာ ဦးပေါက်စထဲကနေ သိမ်းယူခဲ့တာမဟုတ်ဘူး။ သပ်ဆိုင်ရာ စည်ပင်သာယာကနေ အဆင့်ဆင့်တင်ပြပြီးတော့ မြေငှားဂရမ်ဖောက်ခဲ့တာဖြစ်တယ်။ ဒီမြေဟာ အစိုးရက တရားဝင်ချထားပေးတဲ့မြေဖြစ်တယ်။”

နှစ်​​ပေါင်းများစွာ ​အခွန်​​ပေး​ဆောင်​ပြီး​ နေလာခဲ့တဲ့​မြေ ပြန်လည်ရရှိရန်​အတွက် တောင်သူ ဦးပေါက်စအနေနဲ့ နိုင်ငံတော်သမ္မတအပါအဝင် ဝန်ကြီးဌာနအဆင့်ဆင့်ကို တင်ပြတောင်းခံခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာ ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) အမည်နဲ့သာ ဂရန်ပေါက်ခဲ့ပါတယ်​။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ကလည်း တောင်သူ ဦးပေါက်စက တောင်သူပိုင်မြေ မကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ်ထောင်ပြီး ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့တဲ့အတွက် ပုဒ်​မ ၄၄၇ နဲ့ တရားစွဲဆိုခဲ့ရပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အမှုက​နေပြီး အပြီးအပြတ်လွှတ်ကြောင်း မဟာအောင်မြေတရားရုံးက အမိန့်ချမှတ်​ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013