DVB Logo
Home
မြန်မာသတင်း
ပန်းချီဆရာ မောင်လေးထွန်း၏ တကိုယ်တော်ပန်းချီပြပွဲ ကျင်းပ
DVB
·
November 10, 2018
ပန်းချီဆရာ မောင်လေးထွန်း၏ တကိုယ်တော်ပန်းချီပြပွဲ ကျင်းပ
1 / 5
Donate to DVB

မန္တလေးမြို့ မန္တလေးတောင်ခြေ ခြင်္သေ့ကြီးနှစ်ကောင်အနီးရှိ Mandalay Hill Art Gallery မှာ ပန်းချီဆရာ မောင်လေးထွန်းရဲ့ “The Cat and The Cock” အမည်ပေးထားတဲ့ တကိုယ်တော် ပန်းချီပြပွဲကို ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံက ပန်းချီဆရာတွေရဲ့ မော်ဒန် ပန်းချီကားတွေက ဥရောပ မော်ဒန်ပန်းချီတွေနဲ့ ဆင်တူရုံသာမက ပိုမိုကောင်းမွန်အောင် ရေးဆွဲနိုင်တယ်ဆိုတာကို ပြသချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲကို ပြသတာပါ။

ပန်းချီဆရာ မောင်လေးထွန်းက “ဥရောပကလာတဲ့ မော်ဒန်ပန်းချီကို အာရှမှာ ကျနော်တို့ မြန်မာပြည်ကလည်း ကောင်းကောင်းရေးတတ်တယ်ဆိုတာကို ပြချင်လို့ သိစေချင်လို့ အခုလို ပြသတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီပန်းချီပြပွဲမှာ ပန်းချီဆရာ မောင်လေးထွန်း ရေးဆွဲထားတဲ့ မော်ဒန်ပန်းချီအမျိုးအစား ပန်းချီကား ၄ဝ  ပြသထားပြီး ပန်းချီကားတကားကို အနည်းဆုံး ကျပ် ၃ သိန်း ၅ သောင်းကနေ အများဆုံး ကျပ် ၇ သိန်းထိ ဈေးနှုန်းသတ်မှတ်ထားပါတယ်။

The Cat and The Cock တကိုယ်တော်ပန်းချီပြပွဲကို နိုဝင်ဘာ ၁ဝ ရက်ကနေ ၁၄ ရက်အထိ နေစဉ် မနက် ၉ နာရီကနေ ညနေ ၅ နာရီထိ ပြသမှာဖြစ်ပါတယ်။

ဒီပန်းချီပြပွဲက ပန်းချီဆရာ မောင်လေးထွန်းရဲ့ (၈) ကြိမ်မြောက် တကိုယ်တော် ပြသခြင်းဖြစ်တယ်လို့ သိရပါတယ်။

သော်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013