DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် မြန်မာမိန်းကလေးတဦး သရဲဝင်ပူး (ရုပ်သံ )
DVB
·
November 10, 2018
မဲဆောက်တွင် မြန်မာမိန်းကလေးတဦး သရဲဝင်ပူး (ရုပ်သံ )
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ မြန်မာမိန်းကလေး ၁ ဦး သရဲဝင်ပူးခံရတယ်လို့ The World News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မဲဆောက်မြို့၊ မယ်ပရပ်ကွက်ရှိ မဲဆောက်-မယ့်လမတ်သွား လမ်းမကြီးပေါ်မှာ ဒီမနက်က အမျိုးသမီး ၁ ဦး လူးလှိမ့် အော်ဟစ်သောင်းကျန်းနေကြောင်း သတင်းရလို့ အရေးပေါ် လူနာတင်ကားနဲ့အတူ သွားရောက်ကြည့်ရှုခဲ့တယ်လို့ မဲဆောက်ရဲစခန်း မယ်ပနယ်ထိန်း ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

သူတို့ရောက်သွားချိန်မှာ လူတွေဝိုင်းအုံကြည့်နေတဲ့ အော်ဟစ်သောင်းကျန်းနေသူ မိန်းကလေး ၁ ဦးကို တွေ့ရကြောင်း၊ အမည်မှာ မတင်တင် (အသက် ၂၀ နှစ်) ဖြစ်ပြီး လူးလှိမ့်ရင်း တစုံတရာဖြစ်သွားမှာ စိုးတဲ့အတွက် လူနာတင်ကားပေါ်တင်ဖို့ အမျိုးသား ၁၀ ဦးလောက်က ဝိုင်းဆွဲကြတာ မနိုင်ဘူးလို့ ဆိုပါတယ်။

ဒီနောက် ရွာထဲက အောက်လမ်းဆရာကို ခေါ်ကာ ရေမန်းတိုက်မှ ခန္ဓာပြေလျော့သွားခဲ့ပါတယ်။ ဒါပေမယ့် လူနာတင်ကားပေါ်ရောက်ပြီး မကြာခင် နောက်တခေါက် သူရဲပြန်ဝင်ပူးလို့ မယ်ပဘုန်းကြီးကျောင်းကို ခေါ်သွားခဲ့ရကာ ဆရာတော်က ပရိတ်ရွတ်ပေးမှ ငြိမ်သွားတဲ့အတွက် ဆေးရုံကို ပို့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ မတင်တင်ရဲ့ ဖခင် ဦးမောင်အေးက သမီးဖြစ်သူဟာ မြန်မာပြည် သထုံမြို့က အစိမ်းသေ သေဆုံးသွားတဲ့ သရဲဝင်ပူးခံရတာဖြစ်ကြောင်း၊ သမီးဖြစ်သူ သက်သာလို့ ဆေးရုံကဆင်းရင် သထုံကိုပြန်ပြီး ပူဇော်ပသပေးမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013