DVB Logo
Home
မြန်မာသတင်း
ကယားဝန်ကြီးချုပ် မြေအချို့သိမ်းယူခဲ့ဟု မယ်စဲ့ကက်သလစ်ဘုရားကျောင်း ရှင်းလင်း
DVB
·
November 9, 2018
ကယားဝန်ကြီးချုပ် မြေအချို့သိမ်းယူခဲ့ဟု မယ်စဲ့ကက်သလစ်ဘုရားကျောင်း ရှင်းလင်း
Donate to DVB

ကယားပြည်နယ်ဝန်ကြီးချုပ်က မယ်စဲ့ တိုက်နယ် ကက်သလစ်သာသာနာမြေတချို့ကို မတရားသိမ်းယူထားတယ်လို့ မယ်စံတိုက်နယ် ကက်သလစ်သာသနာမြေ ကျောင်းထိုင်ဘုန်းကြီး ဖာသာ ရစ်ချက်သူရထွန်းက ပြောပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုဟာ  သာသာနာနယ်မြေတချို့အား ၀န်ကြီးချုပ် လုပ်ပိုင်ခွင့် အသုံးပြုပြီး သိမ်းပိုက်ထားခဲ့တာလို့ ပြောပါတယ်။

ဦးအယ်ဖောင်းရှိုဟာ ကယားပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာပြီးနောက် ၂၀၁၇ ခုနှစ်၊ မေလမှာ သာသနာမြေတချို့ပါတဲ့ခြံကို  သူ့ခြံအဖြစ် သတ်မှတ်ပြီး စက်ကြီးတွေနဲ့ မြေညှိမြောင်းတူးတာတွေ လုပ်ခဲ့ပြီး ကက်သလစ် ဘုန်းတော်ကြီးနဲ့ သာသနာ့အကျိုးဆောင်အဖွဲ့တွေ၊ ကက်သလစ်ဘာသာဝင်တွေကို တရားဝင် အသိပေး သဘောထားရယူခြင်းမရှိဘဲ ၀န်ကြီးချုပ်လုပ်ပိုင်ခွင့် အာဏာကို အသုံးပြုကာ မြေပိုင်ဆိုင်မှု စာရွက်စာတမ်းတွေကို တဖက်သတ် ပြုလုပ် မတရားသိမ်းယူခဲ့တယ်လို့  မယ်စံတိုက်နယ်ကက်သလစ်ကျောင်းက ထုတ်ပြန်ထားပါတယ်။

အဆိုပါ မြေနေရာဟာ မယ်စဲ့နဲ့ ထိုင်း-မြန်မာနယ်စပ် BP 14 ကားလမ်းမှာရှိပြီး ဦးအယ်ဖောင်းရှို ၀န်ကြီးချုပ်မဖြစ်ခင် ၂၀၁၄ ခုနှစ်က အဲဒီသာသနာမြေကို ကျူးကျော်ခဲ့တာလို့ ဆိုပါတယ်။

ဦးအယ်လ်ဖောင်းရှို ၀န်ကြီးချုပ်ဖြစ်လာပြီးနောက်ပိုင်း အဲဒီမြေဟာ သူ့အမည်ပေါက် ဂရမ်ရရှိခဲ့ပြီး  ပြီးခဲ့တဲ့အပတ်တွေက လာရောက်ခြံခတ်လို့ ခုလို ထုတ်ပြန်ရှင်းလင်းရတာလို့ ဖာသာရစ်ချက်သူရထွန်းက ပြောပါတယ်။

“အောက်တိုဘာ ၁၃ ရက်နေ့မှာ ၀န်ကြီးချုပ်က ကိုယ်တိုင်ရောက်လာတယ်။ ဘုန်းတော်ကြီးကျောင်းကို ကိုယ်တိုင်ရောက်လာပြီးတော့ ဂရမ်းရရှိထားတဲ့အတွက်  သူက ခြံခတ်တော့မယ်ပေါ့။ ကျနော်ပြောတာက ခြံမခတ်သေးနဲ့ အထက်တင်ထားတယ်။ အထက်ကနေ လာပြီး ဖြေရှင်းပြီးမှပဲ ခြံခတ်ရင်ခတ်ပေါ့လို့ ပြောတာပေါ့။ ဒါပေမယ့် တပတ်လောက်ကြာတော့ ခြံခတ်ဖို့လုပ်ရော၊ မြေကြီးတွေတူး၊ ကျေက်တွေချပြီးတော့ လုပ်တော့ ကျနော်တို့လည်း  အများ သိအောင် အထူးသဖြင့် နိုင်ငံတော် အကြီးအကဲတွေသိအောင် သတင်းစာရှင်းလင်း ပွဲလုပ်လိုက်တာပါ။”

မယ်စဲ့တိုက်နယ် သာသာနာပိုင်မြေဟာ ၁၉၉၄ ခု စက်တင်ဘာ ၁၅ ရက်မှာ ကက်သလစ်သာသနာမြေနေရာအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၆ ခု စက်တင်ဘာလ ၁၆ ရက်မှာ မယ်စဲမြေစာရင်းဌာနက မြေစာရင်ပုံစံ ၁၀၅ ထုတ်ပေးထားတယ်လို့လည်း မယ်စဲ့တိုက်နယ်ကက်သလစ်သာသနာက ထုတ်ပြန်ထားပါတယ်။

ဒီမြေကိစ္စနဲ့ပတ်သက်လို့ သာသနာလူကြီး တယောက်အနေနဲ့ နိုင်ငံအကြီးအကဲတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံ ပိုင်ဆိုင်ကြောင်း အထောက်အထားတွေနဲ့ တင်ပြတိုင်ကြားခဲ့ပေ မယ့် တနှစ်ကျော်ကြာတဲ့အထိ ဖြေရှင်းပေးခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

ဒီတိုင်ကြားမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့စက်တင်ဘာလက အန်အယ်လ်ဒီဗဟို စည်းကမ်းထိန်း သိမ်းရေးတာဝန်ရှိသူ ဒေါက်တာမျိုးညွန့်က ခေါ်ယူတွေ့ဆုံခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲပြီးမှ ဖြေရှင်းပေးမယ်ဆိုကာ စောင့်ဆိုင်းဖို့ ပြောဆိုခဲ့ပါတယ်။

ဒီလို စောင့်ဆိုင်းနေတဲ့အချိန်မှာပဲ ကယားပြည်နယ်ဝန်ကြီးချုပ်က ခြံခတ်ဖို့ လုပ်ဆောင်လာ လာလို့ ဖာသာ ရစ်ချက်သူရထွန်းက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြောခွင့်ရသူ ဒေါက်တာမျိုးညွှန်ကတော့ ဒီကိစ္စကို စိစစ်ဆဲဖြစ်ပြီး မကြာခင် တွေ့ဆုံမေးမြန်းသွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့က အဲဒါ စိစစ်ဆဲရှိပါသေးတယ်ခင်ဗျာ။ ​အခုအချိန်ကြာသွားတာက ပထမတိုင်ကြားတဲ့လူက ကျနော်တို့ခေါ်တုန်းက မလာနိုင်ဘူးလို့ အကြောင်းပြန်တယ်။ အဲဒါကို ကျနော်တို့က ခဏရပ်ဆိုင်းထားတယ်။ နောက်မှ ဖာသာနဲ့တကွ ပြန်လာပါမယ်ဆိုတော့ ကျနော်တို့ ပြန်အမှုဖွင့်ပြီးတော့ စစ်ဆေးတယ်။ ပြီးတဲ့အခါ ကျနော်တို့က ပါတီလုပ်ငန်းတွေနဲ့  အလုပ်ရှုပ်နေတော့ ဒီရက်ပိုင်းမှာ ပြန်မကိုင်နိုင်လို့ပါ။ ကျနော်တို့ကတော့ အမှန်တိုင်းဖြစ်အောင်တော့ လုပ်ပါမယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ ပါတီတွင်း စစ်ဆေးရေးဖြစ်တဲ့အတွက် ဘာတွေတွေ့ရှိတယ်၊ ဘာတွေ လုပ်ပါတယ်ဆိုတာ ကျနော်တို့ ထုတ်ပြောလို့မရပါဘူး။ စည်းကမ်းအတိုင်း၊ ဥပဒေအတိုင်းတော့ ဖြစ်ရပါမယ်။ ကျနော်တို့အခု စပြီးတော့ ချိန်းနေပါပြီ၊ မကြာခင်ရက်ချိန်းထဲမှာ ပါမှာပါ။ ”

အများပိုင်ကက်သလစ်သာသနာမြေဖြစ်နေတာနဲ့  မြေတန်ဖိုးထက် ခုရွေးကောက်ခံ အစိုးရ ၀န်ကြီးချုပ်တဦးအနေနဲ့ နယ်စွန်နယ်ဖျားရှိ ပြည်သူတွေကို မတရားအာဏာပြ အနိုင်ကျင့်တယ်လို့ ခံစားရတဲ့အတွက် တရားမျှတမှုနဲ့  အမှန်တရားပေါ်ပေါက်နိုင်ဖို့ လုပ်ဆောင်တာလို့ မယ်စဲ့ တိုက်နယ် ကက်သလစ်ကျောင်းက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013