DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲစရိတ်မတင်သွင်းသည့် အရည်အချင်းပျက်ယွင်းသူ ၂၇၀ ကျော်ရှိ
DVB
·
November 9, 2018
ရွေးကောက်ပွဲစရိတ်မတင်သွင်းသည့် အရည်အချင်းပျက်ယွင်းသူ ၂၇၀ ကျော်ရှိ
Donate to DVB

ရွေးကောက်ပွဲကုန်ကျစရိတ် ငွေစာရင်းမတင်သွင်းလို့ အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ခံထားရသူပေါင်း ၂၇၀ ကျော်ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ်လောင်း အရည်အချင်းပျက်ယွင်းကြောင်း ကြေညာခံရတာလို့ ကော်မရှင်က ဦးစီးအရာရှိ ဒေါ်ဟေသူဆွေမွန်က နိုင်ငံပိုင်သတင်းဌာနကို ပြောခဲ့တာ ဖြစ်ပါတယ်။

“ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သွင်းလို့ အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာခြင်းခံခဲ့ရတာကတော့ ၂ဝ၁ဝ ပြည့်နှစ် ပထမအကြိမ် အထွေထွေ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအနေ နဲ့ ၁၁၂ ဦးရှိပြီးတော့ ရွေးကောက်ပွဲကိုယ်စားလှယ် ၃၁ ဦး ရှိခဲ့ပါတယ်။ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ကတော့ အရည်အချင်းပျက်ယွင်းသူလို့ ကြေညာခြင်းခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းရော ရွေးကောက်ပွဲ ကိုယ်စားလှယ်ရော မရှိခဲ့ပါဘူး။ ၂ဝ၁၅ ခုနှစ် ဒုတိယ အကြိမ် အထွေထွေရွေးကောက်ပွဲမှာတော့ လွှတ်တော် ကိုယ်စားလှယ်လောင်းအနေနဲ့က ၁၅၉ ဦးနဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်အနေနဲ့ ၂၄ ဦးရှိခဲ့ပါတယ်။”

၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ လွှတ်တော်ကိုယ်စားလှယ်လောင်း၂ ဦးအရည်အချင်း ပျက်ယွင်းသူအဖြစ် ကြေညာခံရပြီး ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတွေကိုတော့ ရွေးကောက်ပွဲကုန်ကျစရိတ် ရက် ၃၀ အတွင်း တင်သွင်းကြဖို့ ကော်မရှင်က အသိပေးနှိုးဆော်ထားပါတယ်။

ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း အားလုံးဟာ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၇၇ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ရွေးကောက်တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမည်ကို ကြေညာတဲ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ၎င်းတို့ အမည်စာရင်း တင်သွင်းခဲ့ကြတဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အသီးသီးသို့ ရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်းပုံစံ ၂၀ နဲ့ တင်သွင်းကြရမယ်လို့ ဆိုပါတယ်။

ကုန်ကျစရိတ်စာရင်း မတင်သွင်းပါက သက်ဆိုင်ရာ ရွေးကောက်ပွဲ နည်းဥပဒေ ၈၄ အရ အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ်ကြေညာခြင်း ခံရမှာဖြစ်လို့ သတ်မှတ်ရက်အတွင်း အမြန်ဆုံးတင်သွင်းကြဖို့ ကော်မရှင်က နိုဝင်ဘာ ၅ ရက်နေ့စွဲနဲ့ အသိပေးနှိုးဆော်စာ ထုတ်ပြန်ထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးဟာ သူ့ရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်အဖြစ် ငွေကျပ် သိန်း ၁ဝဝ အထိအသုံးပြုနိုင်ပြီး ဒိထက်ပိုပြီးတော့ သုံးစွဲခွင့် မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013