DVB Logo
Home
မြန်မာသတင်း
မိုးလေ၀သတင်း (မိုးဇလ)
DVB
·
August 28, 2012
မိုးလေ၀သတင်း (မိုးဇလ)
Donate to DVB

လာမယ့်စက်တင်ဘာ ၁ ရက်နေ့က စမယ့် မိုးနှောင်းကာလမှာ ဘင်္ဂလား ပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်း ၃ ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ ၂ ကြိမ်မှာ ပိုမိုအားကောင်းလာရာက မုန်တိုင်းငယ်အဖြစ် ရောက်ရှိ နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မိုးနှောင်းကာလဟာ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးက အနောက်တောင် မုတ်သုံလေ ဆုတ်ခွာတဲ့နေ့ အထိ အကျုံးဝင်တယ်လို့ ဒီနေ့ထုတ်ပြန်ချက်က ဆိုပါတယ်။

အဲဒီအတောအတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တွေမှာ မုတ်သုံလေ အားအနည်းငယ်ကနေ အားအသင့်အတင့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မိုးရွာသွန်းမှု အခြေအနေကတော့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ ရွာသွန်းမြဲထက်ပိုပြီး၊ ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ  ရွာသွန်းမြဲခန့် ရွာနိုင်တယ်လို့ဆိုပါတယ်။

ဒီနေ့ကာလမှာလည်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ မုတ်သုံလေအားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအား အသင့်အတင့် ရှိနေတယ်လို့ ဆိုပါတယ်။
မြစ်ရေကြီးမှုတွေကတော့ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ ၂၄ ရက်နေ့ကတည်းက ဒီနေ့ထိ စိုးရိမ်ရေမှတ်အထက် ၃ လက်မကျော်နေပြီး ၁ ရက် အတွင်း စိုးရိမ်ရေမှတ်အောက်ကို ကျဆင်းမယ်လို့ ဆိုပါတယ်။ မဒေါက်မြို့မှာတော့ စိုးရိမ်ရေမှတ်အထက် ၁ ပေကျော်နေပြီး ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်ကို ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013