DVB Logo
Home
မြန်မာသတင်း
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်၌ တပ်မတော်ထောက်ခံပွဲမလုပ်ရန် တောင်းဆို
DVB
·
November 9, 2018
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်၌ တပ်မတော်ထောက်ခံပွဲမလုပ်ရန် တောင်းဆို
Donate to DVB

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမှာလာမယ့် နိုဝင်ဘာ ၁၄ ရက်နေ့ ကျင်းပမယ့် ရိုးရာတန်ဆောင်တိုင်ပွဲတော်နဲ့ မီးပုံးပျံပြိုင်ပွဲ စတင်ဖွင့်လှစ်ကျင်းပဖို့ရှိနေပြီး တချိန်တည်းမှာပဲ တပ်မတော်ထောက်ခံပွဲကိုလည်း ကျင်းပဖို့ရှိနေပါတယ်။

ပြည်တွင်းပြည်ပဧည့်သည်တွေ အမြောက်အမြား ရောက်လာကြမယ့် ရိုးရာပွဲတော်မှာ ခုလို တပ်မတော်ထောက်ခံပွဲ လုပ်ဆောင်တာဟာ မသင့်တော်တဲ့အတွက်  ဒီကနေ့ပဲ ရှမ်းပြည်နယ် ၀န်ကြီးချုပ်ထံ လိပ်မူပြီး ကန့်ကွက်စာတစ်စောင် ပေးပို့ခဲ့တယ်လို့ တောင်ကြီးဒေသခံ ရှမ်းပြည်နိုင်ငံရေးအဖွဲ့ဝင်  ဦးတင်မောင်တိုးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ကတော့ လုံးဝကန့်ကွက်တယ်ခင်ဗျ။ ဒီထောက်ခံပွဲကို၊ တောင်ကြီးတန်ဆော င်တိုင်ပွဲက ကျနော်တို့ရိုးရာပွဲဖြစ်တယ်။ ဘာသာရေးကိုအခြေခံတဲ့ ဘုရားကို   မီးပူဇော်တဲ့ ပွဲဖြစ်တယ်။ ဒီရိုးရာပွဲနေ့မှာ တကမ္ဘာလုံးက ခရီးသွားဧည့်သည်တွေ လာတယ်။ တနိုင်ငံလုံးက ဧည့်သည်တွေလာတဲ့နေ့ပေါ့နော်။ အဲဒီဖွင့်ပွဲနေ့မှာမှ ဒီစစ်တပ်ကိုထောက်ခံပွဲ လုပ်တယ်ဆိုတာ ဘယ်လိုမှ မသင့်တော်ပါဘူး။  အဲဒါကြောင့် ကျနော်တို့က ရိုးရာပွဲနဲ့ စစ်တပ်ထောက်ခံပွဲ မရောထွေးဖို့၊ ပွဲပြီးတဲ့ထိ ရွှေ့ဆိုင်းဖို့ပေါ့ အဲဒီအကြောင်းကို ရှမ်းပြည်နယ် ၀န်ကြီး ချုပ်ဆီလိပ်မူပြီး စာပို့ခဲ့ပါတယ်ခင်ဗျ။”

အဆိုပါထောက်ခံပွဲမှာ အင်အားပြဖို့ တောင်ကြီးမြို့ ပတ်ဝန်းကျင် အနီးနားတ၀ိုက်က ကျေး ရွာတွေမှာ  တအိမ်တယောက် လာရောက်ချီတက်ဖို့ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ကနေတဆင့် ညွှန်ကြားထားတယ်လို့ တောင်ကြီးဒေသခံတဦးကပြောပါတယ်။  

“ကျေးလက်ဒေသခံတွေကတော့ ချီတက်ပွဲတက်ရတဲ့ အကြောင်းရင်းနဲ့ အနှစ်သာရကို သေချာမသိပေမယ့် အထက်အမိန့်ကို မလွန်ဆန်နိုင်ဘူး။  အရင်ကချီတက်ပွဲတက်ရင် တယောက်ကို ကျပ် ၅၀၀၀ စီရတယ်။ ဒါပေမယ့် တချို့ရွာကတော့ ပြောထားတဲ့အတိုင်း ပိုက်ဆံမရလို့ ထမင်းကျွေးမယ်ပြောပြီး မစားရလို့ သက်ဆိုင်ရာ ရွာလူကြီးတွေနဲ့ ပြဿနာတက်ခဲ့ တာတွေလည်းရှိခဲ့တယ်”

တပ်မတော်ထောက်ခံပွဲကို အမျိုးသားလုံခြုံမှု လူမှုကွန်ရက်ဗဟိုအဖွဲ့က ဦးစီးလုပ်ဆောင်နေ တာဖြစ်ပြီး  တောင်ကြီးမှာ ၂၀၁၅ ခုနှစ်က တကြိမ် မနှစ်က တကြိမ် ပြုလုပ်ခဲ့ဖူးပါတယ်။

ဓာတ်ပုံ - ယခင်နှစ်က ကျင်းပခဲ့သော တပ်မတော်ေ ထာက်ခံပွဲ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013