DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူလက်မှတ်ရေးထိုး
DVB
·
November 9, 2018
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူလက်မှတ်ရေးထိုး
Donate to DVB

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် မြန်မာနဲ့ တရုတ် CITIC အုပ်စုကုမ္ပဏီတို့ နိုဝင်ဘာ ၈ ရက်က နေပြည်တော်ရှိ  စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရုံးမှာ မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုဝန်ကြီး ဦးဆက်အောင်နဲ့ CITIC Group ဥက္ကဋ္ဌ  ချန်ဇန်မင်းတို့က မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နဲ့ တရုတ်အမတ်ကြီး ဟုန်လျန်တို့ ရှေ့မှောက် လက်မှတ်ရေးထိုး အပြန်အလှန်လဲလှယ်ကြတာပါ။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးအောင်ထူးက “ကျနော်တို့က မူဘောင်သဘောတူညီချက် လက်မှတ်ထိုးလိုက်ပြီဆိုရင် ကုမ္ပဏီက ဘာလုပ်ရမလည်းဆိုတော့ EIA (ပတ်ဝန်းကျင် သက်ရောက်မှုဆန်းစစ်ခြင်း) SIA (လူမှုရေးသက်ရောက်မှုဆန်းစစ်ခြင်း) လုပ်ရမယ်။ လုပ်ပြီးတဲ့ အခါကျတော့ GT Survey (ပထ၀ီနဲ့ မြေမျက်နှာသွင်ပြင်ဆန်းစစ်ခြင်း) လေ့လာရေးလုပ်ရမယ်။ အဲ့ဒါလုပ်တာ များသောအားဖြင့်တော့ နိုင်ငံတကာ ကုမ္ပဏီတွေကို ငှားမှာပေါ့။ တနှစ်တော့ကြာမယ်။ အဲ့ဒီ တနှစ်ပြီးတဲ့ အခါကျမှ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်တယ်ဆိုကို ဆုံးဖြတ်တဲ့ အခါကျမှ ဒီစီမံကိန်းကို ဆက်သွားမှာ”လို့ ပြောပါတယ်။

စီမံကိန်းတည်ဆောက်ရာမှာ နိုင်ငံတကာစံနှုန်း 3P-Standard (People, Prosperity, Planet) ဖြစ်တဲ့ ပြည်သူ့အကျိုးစီးပွားမြှင့်တင်မှု၊ ချမ်းသာကြွယ်ဝမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုတဲ့ အခြေခံအချက်တွေပေါ်မှာမူတည်ပြီး အကောင်အထည်ဖော် တည်ဆောက်သွားမယ်လို့လည်း ဆိုပါတယ်။

ဒီစီမံကိန်းကြောင့် ရခိုင်ပြည်နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့၊ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေဖို့ လမ်းပန်းဆက်သွယ်မှုနဲ့  ကုန်ထုတ်လုပ်မှု တိုးတက်ရေးတို့ အထောက်အကူပြုနိုင်ဖို့ အစိုးရက ရည်မှန်းထားပါတယ်။

ဒီစီမံကိန်းကို ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနဲ့ တရုတ်နိုင်ငံ CITI Consortium ကုမ္ပဏီအုပ်စုတို့ ပူးတွဲလုပ်ကိုင်တာဖြစ်ပြီး အစုရှယ်ယာပိုင်ဆိုင်မှုအနေနဲ့ တရုတ်က ၇၀ ရာခိုင်နှုန်းနဲ့ မြန်မာနိုင်ငံဘက်က ၃၀ ရာခိုင်နှုန်းရရှိမှာဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းကို ၂၀၁၄ ခုနှစ်က နိုင်ငံတကာ အိတ်ဖွင့်တင်ဒါခေါ် ယူခဲ့တာဖြစ်ပြီး CITI Consortium က ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၀ က တင်ဒါရရှိခဲ့တာပါ။

အောင်ကိုကိုလတ် (နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013