DVB Logo
Home
မြန်မာသတင်း
မိုင်းပန်​မြို့နယ်​ ပန်ပီးရွာ​ဘုန်းကြီး​ကျောင်း မီး​လောင်​၊ ကိုရင်​ ၂ ပါးပျံလွန်
DVB
·
November 8, 2018
မိုင်းပန်​မြို့နယ်​ ပန်ပီးရွာ​ဘုန်းကြီး​ကျောင်း မီး​လောင်​၊ ကိုရင်​ ၂ ပါးပျံလွန်
Donate to DVB

ရှမ်းပြည်​နယ်​တောင်​ပိုင်း၊ မိုင်းပန်​မြို့နယ်​၊ ပန်​ပီးဘုန်းကြီးဟာ နိုဝင်​ဘာ ၇ ရက်ည ၁၁ နာရီ ခွဲအချိန်​မှာ မီး​လောင်​ပြီး ကိုရင်​ ၂ ပါး ပျံလွန်​​တော်​မူသွားပါတယ်​။

မီး​လောင်​မှုဖြစ်​ပွားရာမှာ သာမာန်​မီး​လောင်​မှုမဟုတ်​ဘဲ ရှို့မီးဖြစ်နိုင်တယ်လို့ ဒေသခံ​တွေက ယူဆကြပါတယ်​။

“ညလူ​တွေအကုန် ​အိပ်​​ပျော်​တဲ့အချိန်​ ၁၀ နာရီခွဲ ​လောက်​ဖြစ်​တာ။ ဖ​ယောင်းတိုင်​ မီးမဖြစ်​နိုင်​ ဘူး။ ဒီမှာ ငြှိမ်းသတ်ရဟိုဘက်​​လောင်​၊ ဟိုမှာ ငြှိမ်းသတ်​ရင် ဟိုဘက်​​လောင်​ ၁၁ နာရီ​ လောက်​ဆို အကုန်​​ပြောင်​သွားပြီ၊ ​ဒေသခံ​တွေက ဖ​ယောင်းတိုင်​ မီးမဟုတ်​ဘူးလို့ ယုံကြည်​ကြတယ်​”လို့​ အမည်​မ​ဖော်​လိုတဲ့ ​ဒေသခံကပြောပါတယ်​။

ပြီးခဲ့တဲ့ ​အောက်​တိုဘာက PNLA ပအိုဝ်းအမျိုးသား လွတ်​​မြောက်​​ရေးတပ်​ဖွဲ့က ပန်​ပီးရွာ​ ရောက်​ရှိပြီး RCSS နဲ့ တိုက်​ပွဲဖြစ်​ခဲ့တဲ့အတွက် PNLAတပ်​ဖွဲ့ကို ဘုန်းကြီး​ခေါ်လာတယ်​လို့ RCSS ဘက် ​ထင်​ပြီး ဘုန်းကြီးကိုလုပ်​ကြံဖို့ ကြိုးစားတာလို့ ​ဒေသခံ​တွေက ပြောပါတယ်။

“ကျောင်းအောက်ကနေ စလောင်တာပါ။ ရိုးရိုးလောင်ကျွမ်းတာတော့ မဖြစ်နိုင်ဘူး ရေနံဆီ ဓာတ်ဆီနဲ့ ရှို့တဲ့သဘောရှိတယ်။ ဘယ်အဖွဲ့ကလည်းဆိုတာ ရိပ်မိနေပါတယ်။ ဒါပေမယ့် မျက်စိနဲ့ မြင်တာ မဟုတ်တော့ သိနေပေမယ့် မပြောရဲဘူး”လို့ ဒေသခံတဦးကပြောပါတယ်​။

ဘုန်းကြီးကိုလုပ်​ကြံဖို့ ကြိုးစားတာ နှစ်​ကြိမ်​ရှိပြီဖြစ်ပြီး  ​အောက်​တိုဘာ ​​၃၁ ရက်​​နေ့ကလည်း ဘုန်းကြီး မိုင်းပန်​ကိုကြွသွားစဉ်​ လမ်း​ပေါ်မိုင်း​ထောင်​ထားကာ ​ဒေသခံနင်းမိတဲ့အတွက်​ ဒဏ်​ရာရရှိခဲ့ပေမယ့် ဘယ်​သူဘယ်​ဝါ ဘယ်​အဖွဲ့လုပ်​တယ်​ဆိုတာသိ​ပေမယ့် မ​ပြောရဲဘူးလို့ ဒေသခံ​တွေက ​ပြောပါတယ်​။

RCSS အဖွဲ့ ​တောင်​ကြီးဆက်​ဆံ​ရေးရုံးတာဝန်​ခံ ဗိုလ်​မှူးစိုင်းဦးကတော့ “ကျနော်​တို့ မဟုတ်​ပါဘူး။ ဘုန်းကြီးကျောင်းမီးရှို့တာ မ​ပြောနဲ့ ဘုန်းကြီး​ကျောင်း​ဆောက်​တာ လှူဒါန်းတာ​တွေ လုပ်​ပါတယ်​။ ကြားသိသ​လောက်​က​တော့ ဖ​ယောင်းတိုင်​ မီးက​နေတဆင့် လောင်​ကျွမ်းတာလို့ သိရတယ်​။ အဲ့ဒီ အချိန်​ အစိုးရတပ်​မ​တော်​ လှုပ်​ရှားမှုလည်းရှိတယ်​။ ဒီလိုမျိုး လုပ်​ရပ်​​တွေ ကျနော်​တို့ မလုပ်​တဲ့အပြင်​ ရှုတ်ချပါတယ်​။ ဒါမျိုးကိစ္စဖြစ်​လာရင်​ မဟုတ်​ဘဲစွပ်​စွဲ​နေရင်​ တဖွဲ့နဲ့တဖွဲ့ လူမျိုးရေးပဋိပက္ခ တိုးပွား​စေတယ်​” လို့ ​ပြောပါတယ်​။

အဆိုပါ​ဒေသဟာ အန်စီအေ လက်မှတ်ထိုးထားတဲ့ ​​RCSS/SSA ရှမ်းပြည်​ ပြန်​လည်​ထူ​ထောင်​​ရေး​ကောင်​စီ လက်​နက်​ကိုင်​အဖွဲ့ လှုပ်​ရှားနေတဲ့  နယ်​​မြေဖြစ်​​ပါတယ်​။

 

သတင်း - ခွန်​ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013