DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
November 8, 2018
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ (FAQ/RC) 2018 က ပိဿာ ၆၀ ဝင် တအိတ်ကို ၉၃၄၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၁၉၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။  မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ တအိတ်ကို ၉၃၀၀၀ ကနေ ၁၀၀၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၆၆၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီဟောင်းက တအိတ်ကို ၇၀၀၀၀ ကနေ ၇၈၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၅၂၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၂၈၀၀ ဈေးကွာခြားမှုရှိပါတယ်။

ကုလားပဲ v2

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင်  တအိတ်ကို ၇၉၀၀၀ ကနေ ၈၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၆၈၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၃၂၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းနက်က ၄၅ ပိဿာဝင် တအိတ်ကို ၂၁၀၀၀၀ ကနေ ၂၂၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၂၀၀၀၀၀ ကနေ ၂၂၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် ဈေးကွာခြားမှု မရှိပါဘူး။

နှမ်းညို

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းညိုက တအိတ်ကို ၁၆၀၀၀၀ ကနေ ၁၆၅၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၇၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၆၀၈၇၅ ကျပ်ကနေ ၁၆၂၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၆၇၅၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၃၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတာယ်။

ကြက်သွန်နီ

ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက တပိဿာကို ၆၀၀ ကျပ်ကနေ ၇၅၀ ပေါက်ဈေးရှိပြီး တပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၀၀ ကနေ ၈၇၅ ကျပ်ရှိပြီး တအိတ်ကို ၂၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၁၂၅ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက ကြက်သွန်နီကတော့ ဒီတပတ်မှာ ဈေးကျဆင်းသွားပါတယ်။ စက်တင်ဘာလက ကြက်သွန်အဝင်တွေ နည်းသွားတဲ့အတွက် ဈေးတွေက မြင့်တက်လာခဲ့ပေမယ့် အောက်တိုဘာလ အလယ်လောက်မှာတော့ ဈေးက ပြန်ကျဆင်းသွားခဲ့ပါတယ်။ ကြက်သွန်အဝင်တွေ နည်းပေမယ့်လည်း ဝယ်လိုအား လျော့နည်းတဲ့အတွက် ဈေးက ထပ်မတက်ဘဲ ကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ ယခုလမှာတော့ ကြက်သွန်အသစ်တွေလည်း အနည်းငယ်ဝင်လာပြီ ဖြစ်တဲ့အတွက် ဈေးက ပြန်လည်ကျဆင်းသွားပါတယ်။

ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013