DVB Logo
Home
မြန်မာသတင်း
ဘိုကလေးတွင် အမျိုးသားတဦး မိကျောင်းကိုက်ခံရ
DVB
·
November 8, 2018
ဘိုကလေးတွင် အမျိုးသားတဦး မိကျောင်းကိုက်ခံရ
1 / 4
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာမှာ နိုဝင်ဘာ ၇ ရက်နေ့ ညနေ ၆ နာရီလောက် ဘဝင်းပိုက်ထောင် ငါးဖမ်းနေတဲ့ အမျိုးသားတဦး မိကျောင်းကိုက်ခံရပြီး ဝဲဘက်ခြေသူကြွယ်နဲ့ ခြေသန်းတွေဆုံးရှုံးခဲ့ရပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ် ထီပါလယ်သောင်တန်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် ကိုနေမိုးအောင်ဟာ ဆတ်ကျွန်းကျေးရွာအုပ်စုနားက တပ်ဘေလေး မြစ်ဘေးထဲ ဘဝင်းပိုက်မြုပ် aနတုန်း မိကျောင်းရုတ်တရက်ေ ရထဲကပေါ်လာပြီး ဝဲဘက်ခြေထောက်ကို ကိုက်ဆွဲခဲ့တာကြောင့် ဝဲဘက်ခြေသူကြွယ်နဲ့ ခြေသန်းဆုံးရှုံးခဲ့ရတယ်လို့ မိချောင်းဆွဲခံခဲ့သူ ကိုနေမိုးအောင်က ပြောပါတယ်။

“ဘဝင်းပိုက်မြုပ်နေတုန်း မိကျောင်းဆွဲခံရပြီးရေထဲမြုပ်သွားတယ်။ ရေလယ်ဘက်ကို မိကျောင်းက ဆွဲသွားတာ ပိုက်မြုပ်နေတုန်းဆိုတော့ ကျနော်လည်း ပိုက်ကိုဆွဲထားတယ်။ အဖေ့ကိုလည်း ပိုက်ကိုဆွဲ ပိုက်ကိုဆွဲဆိုပြီး လှမ်းအော်တယ်။ ဒါနဲ့အဖေလည်း ပိုက်ကိုဆွဲ ကျနော်ကလည်း မိကျောင်းမျက်နှာကို ခြေထောက်နဲ့ ကန်လို့ပြန်လွတ်လာတာ။”

အခုတော့ ကိုနေမိုးအောင်ဟာ မိချောင်းဆွဲခံရတဲ့ ဒာဏ်ရာကြောင့် ဘိုကလေးကုတင် ၁၀၀ ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ဆတ်ကျွန်းကျေးရွာမှာ မိချောင်းကိုက်ခံရမှု မကြာခဏ ဖြစ်ပေါ်နေပြီး ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်းမှာပဲ မိကျောင်းဆွဲခံရတာကြောင့် သေဆုံးသူ ၅ ဦး၊ ဒဏ်ရာရရှိသူ ၃ ဦး ရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာတော့ မိကျောင်းကိုက်ခံရပြီး ဒာဏ်ရာရရှိသူ ၃ ဦး ရှိနေပြီလို့ ဆတ်ကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013