DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးဝါးနှင့် တရားမဝင်သစ်တင်ကားကို ပစ်ခတ်ဖမ်းဆီး၊  လူ ၁ ဦးသေဆုံး
DVB
·
November 8, 2018
မူးယစ်ဆေးဝါးနှင့် တရားမဝင်သစ်တင်ကားကို ပစ်ခတ်ဖမ်းဆီး၊  လူ ၁ ဦးသေဆုံး
1 / 6
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဖဒိုမြို့မှာ နိုဝင်ဘာ ၇ရက် ည ၉ နာရီလောက်က မူးယစ်ဆေးဝါးနဲ့ တရားမဝင်သစ်တွေတင်ဆောင်လာတဲ့ ကားတစီးကို ရပ်တန့်စစ်ဆေးရာက သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေဆုံးခဲ့တယ်လို့ နယ်မြေစခန်းမှူး ရဲအုပ် ရဲထွဋ်က ပြောပါတယ်။

မူးယစ်ဆေးဝါးနဲ့ တရားမဝင်သစ်တွေ တင်ဆောင်လာတဲ့သတင်းအရ Toyota Caldina ယာဉ်တစီးကို ရဲတပ်ဖွဲ့ ရပ်တန့်စစ်ဆေးရာမှာ မောင်းထွက်ပြေးတာကြောင့် ရဲတပ်ကြပ်ကြီး ဝင်းမင်းဦးနဲ့ ရဲဒုတပ်ကြပ် ကျော်ထွန်းဦးတို့က ဆိုင်ကယ်နဲ့ လိုက်လံဖမ်းဆီးခဲ့ပါတယ်။

ပဲခူးရိုးမ တောင်ပေါ် ၁၉ မိုင်တဲစုအနီးအရောက်မှာ မှီသွားခဲ့ပြီး ရပ်တန့်ခိုင်းရာလေးဂွနဲ့ ပြန်လည်ပစ်ခတ်လို့ ရဲတပ်ကြပ်ကြီးဝင်းမင်းဦးရဲ့ ဦးခေါင်းကိုထိမှန်ခဲ့တာကြောင့် မော်တော်ယာဉ်ရဲ့ အနောက် ကိုက် ၁၀၀ လောက်အကွာကနေ M 16 သေနတ်နဲ့ ကားဘီးကို ၂ ချက်ပစ်ခဲ့တယ်လို့ ဆိုပါတယ်

သေနတ်နဲ့ပတ်ခတ်ခဲ့တဲ့အတွက် ကားနောက်ပိုင်းဖုံးကို ထိမှန်ကာ ထိုင်ခုံကူရှင်ကိုဖောက်ပြီး ယာဉ်မောင်းကို ထိမှန် သေဆုံးသွားခဲ့ပါတယ်။

ယာဉ်ကိုစစ်ဆေးရာမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား ၈ ပြား၊ ပျဉ်းကတိုးခွဲသားဆိုဒ်စုံ  ၁၀ ချောင်း (၀.၂၄၆) တန်နဲ့အတူ လက်ကိုင်ဖုန်း ၁ လုံး၊ ငှက်ကြီးတောင် ဓား ၃ ချောင်း၊ သံထုတ် ၁ ချောင်း  Toyota Caldina ယာဉ်တစ်စီး၊ လွယ်အိတ် ၁ လုံး၊ အင်္ကျီ ထည် ပလပ်စတစ်ကော်ဘူး ၁ ဘူး၊ လက်ထိုးလွှ၁ ချောင်း တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲ စခန်းကနေ သိရပါတယ်။

ခုလို လူသေဆုံးမှုနဲ့ပတ်သက်ပြီး ဖဒိုမြို့နယ်မြေစခန်းမှ စုံစမ်းစစ်ဆေးနေပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013