DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့နယ်ရှိ ကျောက္ကာရေနံချက်ဖိုဇုန်တွင်  မီးလောင်မှုဖြစ်ပွား၊ လူ ၁ ဦးသေဆုံး
DVB
·
November 8, 2018
မုံရွာမြို့နယ်ရှိ ကျောက္ကာရေနံချက်ဖိုဇုန်တွင်  မီးလောင်မှုဖြစ်ပွား၊ လူ ၁ ဦးသေဆုံး
1 / 3
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျောက္ကာရေနံချက်ဖိုဇုန်မှာ နိုဝင်ဘာ ၈ ရက်နေ့က မီးလောင်မှုဖြစ်ပွားပြီး ဂဟေဆော်တဲ့ အလုပ်သမား အမျိုးသားတဦး သေဆုံးသွားပါတယ်။

ရေနံချက်ဖိုတဖိုရဲ့ ဆီချက်ကန် ပလပ်ပေါက်အဖုံးကနေ ရေနံစိမ်းတွေလျှံကျပြီး  မီးနဲ့တွေ့ကာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် ရေနံစိမ်း ၁၀ ဂါလံလောက်  ပျက်စီးဆုံးရှုံးသွားပါတယ်။

ဒါ့အပြင် မီးမလောင်ခင်အစောပိုင်းကတည်းက ရေနံချက်ဖိုဇုန်မှာ ချက်ဖိုအဟောင်းအောက်ခြေကို ဂဟေဆက်နေတဲ့  ဂဟေလုပ်သားတဦးဟာလည်း လက်ကျန်ဆီငွေ့နဲ့ ဂတ်စ်မီးတို့ ထိတွေ့ပေါက်ကွဲကာ ခန္ဓာကိုယ်မီးလောင်ခဲ့ပြီး အဝေးကို ပေ ၃၀ လောက်လွင့်ထွက်  သေဆုံးသွားပါတယ်။

သေဆုံးသူက အသက် ၃၁ နှစ်အရွယ် ရန်ကုန်တိုင်း ဒေါပုံမြို့နယ်ကနေ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ သံဂဟေလုပ်သား ကိုဇေယျာမင်း ဖြစ်ပါတယ်။

မီးလောင်မှုကို  ခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်တဲ့ မီးသတ်တပ်ဖွဲ့ဝင်၃၀ ဦးအပါအဝင် လူ ၆၀ လောက်က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့လို့ မိနစ်ပိုင်းအတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။

ဒီမီးလောင်မှုက ၂၀၁၈ ခုနှစ်အတွင်း ကျောက္ကာရေနံချက်ဖိုဇုန်မှာ ၄ ကြိမ်မြောက် လောင်ကျွမ်းတာဖြစ်တယ်လို့ ခရိုင်မီးသတ်ဦးစီးဌာန လ/ထညွှန်ကြားရေးမှူး ဦးညီညီဇော်က ပြောပါတယ်။

“မီးလောင်ရတဲ့ အကြောင်းအရင်းကတော့ များသောအားဖြင့် ပေါ့ဆမီးတွေပါပဲ။ ဒီကျောက္ကာရေနံချက်ဖိုကုန်းမှာဆို ဒီနှစ် ၄ ကြိမ်ရှိပြီ၊ ပွင့်လင်းရာသီရောက်လာပြီဖြစ်လို့ ပိုပြီးတော့ မီးဘေးအန္တရာယ်အတွက် သတိထားဖို့ လိုလာပြီ။ ကျနော်တို့လည်း လုပ်စရာရှိတာတွေ လုပ်ဆောင်နေပါတယ်။”

မီးလောင်မှုမှာ လူသေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းက သေမှုသေခင်းဖွင့်ဖို့ လုပ်ဆောင်နေသလို မီးလောင်မှုနဲ့ပတ်သက်ပြီးတော့လည်း မုံရွာမြို့ နယ်မြေရဲစခန်းက ပုဒ်မ ၂၈၅ နဲ့ မီးပေါ့ဆသုံးစွဲသူ မောင်မောင် (၂၉ နှစ်)ကို အမှုဖွင့် အရေးယူဖို့ လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013