DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် လုံခြုံရေးကင်မရာများ တပ်ဆင်မည်
DVB
·
November 8, 2018
စစ်တွေတွင် လုံခြုံရေးကင်မရာများ တပ်ဆင်မည်
Donate to DVB

ပြည်သူတွေ ဘေးကင်းလုံခြုံဖို့အတွက် ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေမှာ လုံခြုံရေးကင်မရာ CCTV တွေ တပ်ဆင်သွားဖို့ ပြည်နယ်အစိုးရက ပြင်ဆင်နေပါတယ်။

စစ်တွေမြို့မှာ ဒီနှစ်အတွင်း လုံခြုံရေးကင်မရာ CCTV တွေကို မြို့လယ်ခေါင် တွေနဲ့ လူစည်းတဲ့ နေရာတွေမှာ အဓိကတပ်ဆင်သွားမှာပါ။ ဒီလိုတပ်ဆင်ရတာဟာ ပြည်သူတွေရဲ့ လုံခြုံမှုပိုမိုကောင်းမွန်ဖို့အတွက် ဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

“ပြည်သူလူထုတွေ ဘေးကင်းလုံခြုံရေးအတွက် အဓိကလိုအပ်တယ်လေ။  တချို့မြို့ကြီးတွေမှာဆိုရင် ဒီလို CCTV တွေတပ်ပြီး စောင့်ကြည့်နေတာတွေရှိတယ်။ အဲ့ဒီတော့ ကျနော်တို့မြို့လည်းပဲ တကယ်လိုအပ်လာပြီ။  ပြည်သူတွေရဲ့ လုံခြုံမှု ပိုမိုကောင်းမွန်အောင်လို့ပါ။ တခါတရံ ကျနော်တို့ ဖြစ်ပျက်လာတဲ့ အဖြစ်အပျက်တွေ မသိရှိလိုက်တာတွေရှိတယ်။ ဒီလို CCTV တွေ ရှိလာရင် အကြောင်းအရင်းခံတွေကိုတော့ ရှာဖွေဖော်ထုတ်နိုင်မှာပေါ့။”

ရခိုင်ပြည်နယ်အတွင်း ၁၇ မြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ကထက် မှုခင်းတွေကြောင့် သေဆုံးသူ အရေအတွက် ၂၈ ဦး တိုးလာပြီး ယာဉ်တိုက်မှုတွေ ပိုပိုများလာတယ်လို့ ပြည်နယ်ယာဉ်ထိန်းရဲ တပ်ဖွဲ့က ပြောပါတယ်။

ဒါ့အပြင် CCTV ကင်မရာတွေကို တပ်ဆင်ဖို့ ပြင်ဆင်ရတာဟာ ခိုးဆိုးလုယက်မှုတွေ၊ ရမ်းကားမှုတွေ၊ ယာဉ်မတော်တဆမှုတွေနဲ့ ပြည်သူ့လုံခြုံမှုကို ထိခိုက်စေတဲ့ ပြဿနာတွေ ဖြစ်ပွားနေတာကြောင့် အချိန်တိုအတွင်း ဖြေရှင်းနိုင်ဖို့ တပ်ဆင်တာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြို့နယ်အများစုမှာ မှုခင်းတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အဲဒီမှုခင်းတွေနဲ့ ပတ်သက်လို့ ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ခြင်းမရှိပါဘူး။

အခုလို စစ်တွေမြို့အတွင်း CCTV ကင်မရာတွေ တပ်ဆင်တာဟာ တရုတ်နိုင်ငံကုမ္ပဏီ တခုဖြစ်တဲ့ Huawei ကုမ္ပဏီက မြန်မာငွေကျပ် ၁ ဒသမ ၂ ဘီလီယံ အကုန်ကျခံ တပ်ဆင်တာ ဖြစ်ပါတယ်။

သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013