DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်ငြိမ်းချမ်းရေး စိုးရိမ်ပူပန်စရာဖြစ်လာနေဟု  အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ပြော
DVB
·
November 8, 2018
ကရင်ပြည်နယ်ငြိမ်းချမ်းရေး စိုးရိမ်ပူပန်စရာဖြစ်လာနေဟု  အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ပြော
Donate to DVB

ထာဝရငြိမ်းရေးကို မျှော်လင့်နေချိန်မှာ ထိပ်သီးခေါင်းဆောင်တွေရဲ့ နေပြည်တော် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးထွက်ပေါ်လာတဲ့ သတင်းတွေကြောင့် ပြည်သူတွေ အတွက် စိုးရိမ်စရာ ပူပန်စရာတွေဖြစ်လာတယ်လို့ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာပါဝင်နေတာကို ယာယီရပ်ထားမယ်လို့ ကရင်အမျိုးအသား အစည်းအရုံး (ကေအန်ယူ)က အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့လိုက်တဲ့စာနဲ့ ပတ်သက်လို့ ပြောဆိုလိုက်တာပါ။

ဘားအံမှာကျင်းပတဲ့ ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားမှာ တက်ရောက်လာတဲ့ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်က "ကရင်ပြည်သူတွေက ငြိမ်းချမ်းရေးပျက်ပယ်သွားမှာကို စိုးရိမ်ကြတယ်။ ဒါ့အပြင် ဒီလိုယာယီငြိမ်းချမ်းရေးမှ ထာဝရ ငြိမ်းချမ်းရေးကိုလည်း မျှော်တွေးနေကြပါတယ်။ ဒါပေမယ့် မကြာသေးခင်က ငြိမ်းချမ်းရေး ညီလာခံခေါင်းဆောင်များရဲ့ အစည်းအဝေးပွဲကထွက်ပေါ်လာတဲ့ သတင်းတွေဟာ ပြည်သူတွေ အတွက် စိုးရိမ်စရာ ပူပန်စရာဖြစ်လာတယ်"လို့ ပြောပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က"ဒီနေ့ဒီအချိန်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်နေတာက ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျမတို့အစိုးရအနေနဲ့ ပြည်သူတွေရဲ့ တောင်းတချက် နိုင်ငံတော်လိုအပ်ချက်ဖြစ်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေတာဖြစ်တယ်" လို့ ပြောပါတယ်။

မွန်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင် က "ငြိမ်းချမ်းရေးတခုကို တည်ဆောက်မယ်ဆိုရင် တဖက်က ကျနော်တို့ပြည်ထောင်စုဆိုတဲ့ အရေးတခု ရှိမယ်။ တဖက်ကျတော့ တိုင်းရင်းသားတွေရဲ့ ဆန္ဒတွေပေါ့။ ရင်ကြားစေ့ရမယ်။ ဒီအပေါ်မှာ နားလည်မှုတွေရှိလာအောင် ကျနော်တို့ တည်ဆောက်ယူရမယ်။ ဒီလိုမျိုး နားလည်မှု အများကြီး ရှိလာရင် ငြိမ်းချမ်းရေးမြန်မြန်ရလာမယ်လို့ အဲလိုပဲ ကျနော်မြင်ပါတယ်"လို့ ပြောပါတယ်။

လတ်တလော ကျင်းပမယ့် ငြိမ်းချမ်းရေးအစည်းအဝေးတွေမှာ ပါဝင်တက်ရောက်တာကို ယာယီဆိုင်းငံထားကြောင်း အသိပေးအကြောင်းကြားစာကို အောက်တိုဘာ ၂၇ရက်နေ့မှာ ကေအန်ယူက  ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ထားတာ ဖြစ်ပါတယ်။

ကေအန်ယူအနေနဲ့ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်ကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၂ ရက်နေ့က ဘားအံမြို့၊ ဇွဲကပင်ဟိုတယ်မှာ လက်မှတ်ရေးခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်ကို လက်မှတ်ရေထိုးခဲ့ ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013