DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ ဖွံ့ဖြိုးတိုးတက်တက်ရေး စီမံချက်အတွက် အချက်အလက်ကွင်းဆင်းကောက်ယူ
DVB
·
November 8, 2018
ကလေးမြို့ ဖွံ့ဖြိုးတိုးတက်တက်ရေး စီမံချက်အတွက် အချက်အလက်ကွင်းဆင်းကောက်ယူ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်တဲ့မြို့ပြဖွံ့ဖြိုး အစီအစဉ် ရေးဆွဲနိုင်ဖို့အတွက် သက်ဆိုင်ရာက စာရင်းအချက်အလက်တွေ ကွင်းဆင်း ကောက်ယူနေပါတယ်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ကမကထ ပြုလုပ်ပြီး လွှတ်တော်အမတ်အပါအ၀င်  ဆက်စပ်ဌာနဆိုင်ရာ ၉ ခုကဝန်ထမ်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက သင်တန်းသားတွေကို SKL International အဖွဲ့က  သင်တန်းပို့ချပြီး နိုဝင်ဘာ ၅ ရက်ကစလို့ လိုအပ်တဲ့ စာရင်း အချက်အလက်တွေကို ကောက်ယူနေတာပါ။

မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးညီညီက "မနက်ပိုင်းမှာ ကလေးမြို့၊ နတ်ချောင်းလမ်းနဲ့ ဗိုလ်ချုပ် လမ်းဆုံမီးပွိုင့်၊ စကားလှဘုရားရှေ့၊ ပင်လုံလမ်းမီးပွိုင့် စုစုပေါင်းသုံးနေရာမှာ တနေရာကို မိနစ် ၄၀ အချိန်စီ ဖြတ်သန်းသွားလာခဲ့တဲ့ ခြေလျင်နဲ့ သွားလာနေသူတွေ၊ မော်တော်ဆိုင်ကယ်တွေ၊ သုံးဘီးဆိုင်ကယ်တွေ၊ ဆိုင်ကယ်ဆိုက်တွဲတွေ၊ အိမ်စီးယာဉ်အမျိုးမျိုးနဲ့ ကုန်တင်ယာဉ်တွေကို သင်တန်းသားတွေက မြေပြင်လက်တွေ့ကွင်းဆင်း စာရင်းကောက်ယူနေတယ်" လို့ ပြောပါတယ်။

ကလေးမြို့လယ်ရှိ လမ်းဆုံမီးပွိုင့်မှာ မိနစ် ၄၀ အတွင်း ဖြတ်သန်းသွားလာမှုနဲ့ ပတ်သက်ပြီး ကောက်ယူရရှိမှု စာရင်းကြမ်းအရ ခြေလျင်သွား ပြည်သူတွေအပါအ၀င် ယာဉ်စီးရေအမျိုးအမည် စုစုပေါင်း ၃၇၉၃ မျိုးရှိခဲ့တယ်လို့ သိရပါတယ်။

"ဒီကရတဲ့ အချက်အလက်တွေအရ ကလေးဒေသဖွံ့ဖြိုးတိုးတက်လာတာကို တွေ့ရမယ်။ အဲ့ဒီအတွက် နောင်ရေရှည်မှာ ယာဉ်ကြောကြပ်မှုမရှိစေရေး၊ သဘာဝပတ် ဝန်းကျင်ညစ်ညမ်းမယ့် ကိစ္စတွေ၊ ယာဉ်အန္တရာယ်ကိစ္စတွေ၊ လမ်းအသုံးပြုမှုနဲ့ လမ်းဒီဇိုင်းတွေကိုပါ သင်တန်းမှာ အသုံးပြုနိုင်ရေးအတွက် ထည့်သွင်းစဉ်းစားနိုင်ဖို့  အခုလိုစာရင်းကောက်ယူတာဖြစ်တယ်"

ကောက်ယူရရှိခဲ့တဲ့ စာရင်းတွေကို သင်တန်းမှာ အသုံးပြုသွားမှာဖြစ်ပြီး နောက်ရက်တွေမှာလဲ ထပ်မံလိုအပ်တဲ့ စာရင်းတွေကို  ဆက်လက်ကောက်ယူဖို့ ရှိနေပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013