DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြား ၂ ပတ်ကြာ ပျောက်ဆုံးနေသည့် မန်ပြိန်းရွာသားအလောင်း တွေ့ရှိ
DVB
·
November 8, 2018
တိုက်ပွဲကြား ၂ ပတ်ကြာ ပျောက်ဆုံးနေသည့် မန်ပြိန်းရွာသားအလောင်း တွေ့ရှိ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း နမ္မတူ-လားရှိုးလမ်းပိုင်းပေါ် မန်ပြိန်းကျေးရွာမှာ အောက်တိုဘာ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ပျောက်ဆုံးနေတဲ့ အမျိုးသားတဦးရဲ့ ရုပ်လောင်းကို မနေ့က ရွာသားတွေ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့က ရှမ်းတိုင်းရင်းသားလက်နက်ကိုင် နှစ်ခုဖြစ်တဲ့ RCSS နဲ့ SSPP တို့အကြား လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စု မန်ပြိန်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း သွားလာနေတဲ့ မန်ပြိန်းရွာသား စံမွန် (ခေါ်) မာဂမ်ရဲ့ဆိုသူ ပျောက်ဆုံးခဲ့တာဖြစ်ပြီး ရွာသားတွေ လိုက်လာရှာဖွေရာမှာ နိုဝင်ဘာ ၇ ရက်နေ့ညမှာ ပြန်တွေ့ခဲ့တာလို့ စံမွန်ရဲ့ဇနီး ခွန်မိုင်က ပြောပါတယ်။

“သူပျောက်သွားတာ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်မှာ ပျောက်သွားတာ။ တောကနေ အိမ်ပြန်ဖို့ဆိုပြီး အဲဒီလမ်းမှာ ပျောက်သွားတာ။ မန်ပြိန်းရွာ အပေါ်ရွာနဲ့ အောက်ရွာကြားက ကုန်းပေါ်မှာ ပျောက်သွားတာပဲ သိတယ်။ သူ့ကို မတွေ့ဘူး။ သတင်းလည်း မကြားဘူးဆိုတော့ နေ့တိုင်းနေ့တိုင်း သွားရှာတာ မတွေ့ဘူး။ မနေ့ကဘဲ ဟိုဘက်ကမ်းကုန်းအပေါ်မှာ သေထားတာ။ အဲမှာ သွားတွေ့တယ်။  သူ့ရဲ့ရင်ဘတ်ပေါ်မှာ ဓားမြှောင် ၂ လက်ရော ချထားပေးခဲ့တယ်။ ဒဏ်ရာတွေက ကျမတို့လည်း မနေ့ညက မိုးနည်းနည်းချုပ်ပြီဆိုတော့ မကြည့်မိဘူုး။ ဒီကနေ့မှ သွားပြန်ကြည့်မှာ။”

သေဆုံးသွားသူ စံမွန် (ခေါ်) မာဂမ်မှာ အသက် ၂ နှစ်က ၁၀ နှစ်အထိ သားသမီး ၄ ဦး ရှိပါတယ်။ မန်ပိန်းရွာမှာ မူလတန်းကျောင်းအဆင့်ပဲ ရှိတာကြောင့် ပဉ္စမတန်းတက်နေတဲ့ သမီးကြီးကို အီနိုင်းကျေးရွာမှာ နေတိုင်း ကျောင်းကြို ကျောင်းပို့ လုပ်ပေးနေတဲ့ ဖခင်ဖြစ်တယ်လို့လည်း ခွန်မိုင်က ပြောပါတယ်။

“ခံစားရတာကတော့ ပြောတောင်မပြောနိုင်တော့ဘူး။ သူက ကလေးတွေကို ၄ မိုင်ဝေးတဲ့ အီနိုင်းကို နေ့နေ့ညည ကြိုပို့လုပ်တဲ့ ဖခင်ဖြစ်ပါတယ်။ အခုသူမရှိတဲ့နောက်ပိုင်းမှာတော့ ကျမတို့ မိသားစုက ဘယ်လိုနေရမှန်းတောင် မသိတော့ပါဘူး။ ကျမလည်း မပြောတတ်တော့ဘူး။”

တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) ရေးထိုးထားတဲ့  RCSS နဲ့ လက်မှတ်မရေးထိုး ရသေးတဲ့ SSPP တို့အကြား အောက်တိုဘာလလယ်လောက်ကစပြီး နယ်မြေ အငြင်းပွားမှုကြောင့် မိုင်းကိုင်၊ ကျေးသီး၊ နမ္မတူ၊ သီပေါနဲ့ လားရှိုးမြိုတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲကြောင့်လည်း ထောင်နဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013