Home
မြန်မာသတင်း
တိုက်ကြီးတွင် တောဆင်ရိုင်းကြောင့် နေအိမ်နှင့် ပြောင်းခင်းအချို့ ပျက်စီး
DVB
·
November 8, 2018
45614094_695224237543955_8011996650119626752_n
45527660_695224270877285_7175837642246848512_n
45704497_695224197543959_1009452584554987520_n
ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ချင်ကုန်းကျေးရွာအုပ်စုမှာ နိုဝင်ဘာ ၇ ရက်နေ့ ၈ နာရီလောက်က ရာဘာစိုက်ခင်းအတွင်းရှိ နေအိမ်တလုံးနဲ့ ပြောင်းခင်းအချို့ကို  တောဆင်းရိုင်းတွေ ဖျက်ဆီးသွားတယ်လို့ ကျေးရွာပြည်သူတွေက ပြောပါတယ်။ ချင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက "အခုဖျက်တဲ့ တောဆင်ရိုင်းနာမည်က ဂျစ်ကားလို့ ခေါ်တယ်။ သူက တခြားဘယ်ကိုမှ မသွားဘူး။ ကျနော်တို့ရွာက စိုက်ခင်းတွေများတော့ ဒီနားတ၀ိုက်မှာပဲနေပြီး စိုက်ခင်းထဲဝင်စားလိုက်၊ နေအိမ်တွေတွေ့ရင် ၀င်ပြီးတော့ အိမ်ထဲမှာရှိတဲ့  ဆန်၊ ဆား၊ ငါးပိငါးခြောက်တွေကို ဝင်စားတတ်တယ်။ ဆင်စခန်းက တာဝန်ရှိသူတွေနဲ့ သစ်တော တာဝန်ရှိသူတွေက မကြာခဏ လာမောင်းပေးပါတယ်။ အခုလည်း ပြောင်းခင်းထဲ ဝင်စားရင်းနဲ့ နေအိမ်တွေ့လို့ ဝင်ရှာဖွေစားတာဖြစ်မယ်။ အိမ်ကတော့ တခြမ်းပျက်စီးသွားတယ်။ လူကတော့ မရှိလို့ ဘာမှာမဖြစ်ဘူး" လို့ပြောပါတယ်။ တိုက်ကြီးမြို့နယ်မှာ နှစ်စဉ် တောဆင်ရိုင်းဝင်ရောက်တဲ့အတွက် စိုက်ခင်းတွေနဲ့ ယာတဲတွေ ပျက်စီးဆုံးရှုံးတာတွေ၊ တောအတွင်း သွားလာနေတဲ့ သူတွေနဲ့ ထိပ်တိုက်တွေ့ဆုံတာတွေကြောင့် လူသေဆုံးတာတွေလည်း ရှိပါတယ်။ တောဆင်ရိုင်းတွေက တောထဲမှာ စားကျက်မရှိတဲ့အတွက် လူတွေစိုက်ပျိုးထားတဲ့ စိုက်ခင်း တွေဆီကို ရောက်လာသလို ဆင်သတ်မုဆိုး အန္တရာယ်တွေနဲ့လည်း ကြုံတွေ့နေရတာပါ။ အောက်တိုဘာ ၁၆ ရက်နေ့က တောဆင်ရိုင်းသတ်တဲ့ အုပ်ချုပ်ရေးမှူးပါဝင်တဲ့ ဆင်သတ်မုဆိုးအဖွဲ့ကို တိုက်ကြီးမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ်နဲ့ ၄ နှစ်ကျော် အသီးသီး ချမှတ်လိုက်ပါတယ်။ သတင်း - မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024