DVB Logo
Home
မြန်မာသတင်း
အထက်တန်းရှေ့နေတဦး လိုင်စင်ရုပ်သိမ်းခံရ
DVB
·
August 27, 2012
Donate to DVB

လယ်ယာမြေသိမ်းကိစ္စနဲ့ ပတ်သတ်ပြီး တရားစွဲခံထားရတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေ ဦးပါစီပြည်ဟိန်းကို ရှေ့နေအဖြစ်ကနေ ရုပ်သိမ်းလိုက်ပါတယ်။

သြဂုတ် ၁၀ ရက်နေ့မှာ ပြည်ထောင်စု တရားသူကြီးများ အစည်းအဝေးကနေ အကြောင်းကြားလာတာ လို့ ဦးပါစီပြည်ဟိန်းက ပြောပါတယ်။

“ကျနော်က ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေသော်လည်း ၂၀၀၇ တုန်းက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၆ တာဝန်ဝတ္တရား နှောင့်ယှက်မှုပေါ့။ မင်္ဂလာဒုံမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးက တရားလို ကျနော်က တရားခံပေါ့။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ လ ကျခဲ့တာက တကြောင်း၊ အခုလက်ရှိ မြို့နယ်တရားရုံးမှာ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ တရားစွဲဆို ခံထားရတယ်။ ကျနော်ကလည်း ပြန်လည် တရားစွဲထားတယ်။ အဲဒီလို အပြန်အလှန် မှုခင်းတွေလည်း ဖြစ်နေတဲ့ အတွက်ကြောင့် အဲဒါတွေ သုံးသပ်ပြီး ရှေ့နေများ လိုက်ပါဆောင်ရွက်သူများရဲ့ အက်ဥပဒေပုဒ်မ ၁၃(စ) အရ ရှေ့နေအဖြစ်က ထုတ်ပစ်ကြောင်းဆိုပြီး တရားသူကြီး အစည်းအဝေး ၆/၂၀၁၂ မှာ ဆုံးဖြတ်ခဲ့တယ်လို့ အကြောင်းကြားလာတယ်။”

ဥပဒေပုဒ်မ ၁၃ (စ) အရ ရှေ့နေကျင့်ဝတ်သိက္ခာနဲ့ စပ်လျဉ်းတဲ့ သတ်မှတ်ချက်တွေ ငြိစွန်းလို့ ဖြစ်ကြောင်း ဦးပါစီပြည်ဟိန်းက ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ်မှာ လယ်ယာမြေသိမ်းကိစ္စမှာ လိုက်ပါဆောင်ရွက်တဲ့အတွက် တရားစွဲခံထားရတဲ့ ဦးနေမျိုးဝေကြောင့် အခုလို အထက်တန်းရှေ့နေ လိုင်စင် ရုပ်သိမ်းခံရတာ ဆက်စပ်မှု ရှိမရှိနဲ့ ပတ်သက်ပြီး ဦးပါစီပြည်ဟိန်းက အခုလိုပြောပါတယ်။

“အဲလိုတော့ ပြောလို့မရဘူး၊ ကိုနေမျိုးဝေကို ကျနော်က အမှုသည်တယောက်အနေနဲ့သာ လက်ခံလိုက်တာပါ။ ဒါနဲ့တော့ မဆိုင်ဘူးလို့ထင်ပါတယ်။ သူတို့ အမိန့်ထုတ်တာက သြဂုတ်လ ၁၀ ရက် ၂၀၁၂၊ ကျနော့်ဆီ စာပို့တာက ၂၂ ရက်နေ့။ ကျနော်က ကိုနေမျိုးဝေအမှုကို လက်ခံတာက ၂၃ ရက်နေ့မှာ ပြစ်မှုကိုယ်စားလှယ်လွှဲစာတင်ပြီး လက်ခံတာ။ ဒါနဲ့တော့ မသက်ဆိုင်ဘူးထင်တယ်။ နဂိုကတည်းက ကျနော့်ကို တစုံတရာ တဦးတယောက်ရဲ့ တိုင်ကြားချက်ရှိလို့သာ လူကြီးတွေက ဆုံးဖြတ်လိုက်တာတူပါတယ်။”

အထက်တန်းရှေ့နေ လိုင်စင်ထုတ်ပယ်ခံလိုက်ရတဲ့အတွက် ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ လွှတ်တော်ကော်မတီတွေဆီကို အသနားခံစာ တင်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013