
အောက်တိုဘာလ ၇ ရက် ဒီကနေ့ ကျရောက်တဲ့ ဒီပါဝလီနေ့ဟာ ဟိန္ဒူဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ဘာသာရေးပွဲတော်တခု ဖြစ်ပါတယ်။
ဒီပါဝလီနေ့ကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံအတော်တော်များများမှာ တရားဝင် အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။
ပွဲတော်နေ့မှာ ဟိန္ဒူဘာသာဝင်တွေဟာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြပြီး သက်ကြီးရွယ်အို ဘိုးဘွားတွေကို ရှိခိုးကန်တော့တာတွေ၊ ညလုံးပေါက် ဆီမီးထွန်းပြီး ကျမ်းစာရွတ်ဆိုတာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ ဟိန္ဒူဘာသာဝင်တွေက ပြောပါတယ်။
ဒါ့အပြင် ဘုရားရှင်နဲ့ မယ်တော်တို့ကို ရည်မှန်းပြီး မုန့်ချိုကပ်တာ၊ အုန်းခွဲတာတွေနဲ့ သစ်သီးကပ်တာတွေ လုပ်ပြီး ပူဇော်လေ့ကြတယ်လို့လည်း ပြောပါတယ်။










