DVB Logo
Home
မြန်မာသတင်း
ကျန်းမာရေးစိုးရိမ်ရသည့် ကလေးငယ်ပေါင်း ၆ သောင်းကျော်ကို ဆေးရုံ အချိန်မီပို့ပေးနိုင်ခဲ့
DVB
·
November 7, 2018
ကျန်းမာရေးစိုးရိမ်ရသည့် ကလေးငယ်ပေါင်း ၆ သောင်းကျော်ကို ဆေးရုံ အချိန်မီပို့ပေးနိုင်ခဲ့
Donate to DVB

အခုနှစ်ဝက်အတွင်းမှာ ကျန်းမာရေးစိုးရိမ်ရတဲ့ ကလေးငယ်ပေါင်း ၆ သောင်းကျော်ကို ဆေးရုံ အချိန်မီပို့ပေးနိုင်ခဲ့ပြီး ကိုယ်ဝန်ဆောင် ၁၀,၀၀၀ လောက်ကို မီးဖွားချိန်ထဲမှာ ဆေးရုံတွေကို အရေးပေါ်လွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေ (3MDG) က ထုတ်ပြန်ပါတယ်။

၂၀၁၈ ပထမနှစ်ဝက်အတွင်း လူဦးရေ ၆၂ သိန်းရှိတဲ့ မြို့နယ်ပေါင်း ၄၄ မြို့နယ်မှာ မိခင်နဲ့ ကလေးတွေကို ကျန်းမာရေး ဝန်ဆောင်မှု ပေးခဲ့တာပါ။

မီးဖွားချိန်အတွင်း ဆေးရုံတွေကို အရေးပေါ်လွှဲပြောင်းပေးမှုပေါင်း ၉,၅၀၀ ရှိပြီး ကလေးငယ် ၂ သောင်းကျော်ကို ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ မွေးဖွားပေးနိုင်ခဲ့ပါတယ်။

ကျန်းမာရေး စိုးရိမ်ရတဲ့ ကလေးငယ်ပေါင်း ၉၁,၀၀၀ ကို ဆေးရုံတင်ပေးတာနဲ့ ကလေးငယ်ပေါင်း ၃ သိန်းခွဲကို ရောဂါ ၅ မျိုး ကာကွယ်ဆေး ထိုးပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မူးယစ်ဆေး အကြောထဲထိုးသွင်းတဲ့သူ ၂၈,၃၉၀ ကို အိပ်ခ်ျအိုင်ဗွီကာကွယ်ရေး အစီအစဉ်တွေ ပံ့ပိုးနိုင်ခဲ့ပြီး ဒါဟာ မြန်မာနိုင်ငံထဲမှာရှိတဲ့ မူးယစ်ဆေး အကြောထဲထိုးသူတွေရဲ့ ၃၀ ဒသမ ၅ ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

နယ်လှည့်ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့ ၉ ဖွဲ့ကနေ အကျဉ်းထောင်နဲ့ အလုပ်စခန်းတွေ အပါအဝင် နယ်လှည့်စောင့်ရှောက်မှုပေါင်း ၁၅၅ ကြိမ်အထိ သွားရောက်နိုင်ခဲ့ပြီး ငှက်ဖျားရောဂါ ရှာဖွေ ဖော်ထုတ်မှုပေါင်း ၂ သိန်းကျော်ကိုလည်း ထောက်ပံ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးအတွက် ပြင်ပအကူအညီတွေ အများဆုံးပေးနေတဲ့ 3MDG ဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၈ ဇွန်လအထိ အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပြီး အမေရိကန်၊ ယူနိုက်တက်ကင်းဒမ်း၊ ဆွီဒင်နဲ့ ဆွစ်ဇာလန်တို့က အဓိက ပါဝင် ကူညီတာပါ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013