DVB Logo
Home
Lead Story
“ပါတီခေါင်းဆောင်တွေရဲ့ ဂုဏ်သိက္ခာနဲ့ ရပ်တည်ချက်ကို ယုံကြည်လို့ အနိုင်ရခဲ့တယ်” - စိုင်းဥက္ကာ
DVB
·
November 7, 2018
“ပါတီခေါင်းဆောင်တွေရဲ့ ဂုဏ်သိက္ခာနဲ့ ရပ်တည်ချက်ကို ယုံကြည်လို့ အနိုင်ရခဲ့တယ်” - စိုင်းဥက္ကာ
1 / 2
Donate to DVB

[caption id="attachment_298471" align="alignleft" width="258"] ဓာတ်ပုံ - SNLD[/caption]

အနိုင်ရ လွှတ်တော်အမတ်လောင်း စိုင်းဥက္ကာနှင့် မေးမြန်းချက်

နိုဝင်ဘာ ၃ ရက်က ကျင်းပပြီးစီးသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် လဲချားမြို့နယ်က လစ်လပ် ပြည်သူ့လွှတ်တော်နေရာအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း စိုင်းဥက္ကာက အနိုင်ရခဲ့ပါတယ်။

အဆိုပါနေရာအတွက် ပါတီ ၃ ခု ဝင်ရောက်ယှဉ်ပြိုင်ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းအောင်ထွန်းလေးက ၁၀၂၃ မဲ၊ SNDP ကျားဖြူပါတီမှ စိုင်းရွှေဆိုင်းက ၁၆၅၃ မဲ ရပြီး စိုင်းဥက္ကာက ၈၅၅၀ မဲနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တာပါ။

အနိုင်ရပြီးတဲ့နောက် လဲချားဒေသခံ မဲဆန္ဒရှင်ပြည်သူတွေအတွက် ဆောင်ရွက်ဖို့ရှိနေတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်လောင်း စိုင်းဥက္ကာကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - စိုင်းဥက္ကာအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်လိုဝင်ပြိုင်ဖြစ်ခဲ့ပြီး ဘာကြောင့် မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တယ်လို့ ထင်ပါသလဲ။

ဖြေ - “နိုင်ငံရေးလောကထဲကို ရောက်လာပြီးတော့ ကျနော်လည်း အသက်လည်း တအားမကြီးသေးတော့ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့တဲ့အပိုင်းတွေ ရှိတယ်။ ဒါကို ကျနော်တို့ လူကြီးတွေကလည်း မြင်တယ်။ ကျနော်တို့မြို့နယ်က ပါတီအလုပ်အမှုဆောင်အဖွဲ့ရယ်၊ ကျနော်တို့ မြို့က ရမ်မိရပ်ဖနဲ့ ပြည်သူလူထုတွေကလည်း ကျနော့်အပေါ် ယုံကြည်မယ်ထင်လို့ ကျနော်ဝင်ပြိုင်ဖြစ်တာပါ။ ဝင်ပြိုင်ဖို့အတွက် ပါတီကလည်း ကျနော့်ကို တာဝန်ပေးအပ်ခဲ့ပါတယ်။ ဘာကြောင့်အနိုင်ရခဲ့သလဲဆိုတော့ ကျနော့်အထင်ပြောရရင် လူထုက ကျနော်နဲ့ ကျနော်တို့ပါတီအပေါ် ယုံကြည်မှုရှိလို့၊ ကျနော်တို့ ပါတီခေါင်းဆောင်ကြီးတွေရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်၊ ဂုဏ်သိက္ခာ၊ မားမားမတ်မတ် ရပ်တည်ချက်တွေအပေါ် အဲဒါတွေကို ယုံကြည်လို့ ကျနော်တို့ အနိုင်ရခဲ့တယ်လို့ ထင်ပါတယ်။”

မေး - စိုင်းဥက္ကာက လဲချားဒေသခံလည်းဖြစ်တယ်။ လဲချား ပြည်သူ့ကိုယ်စားလှယ်လည်း ဖြစ်တော့မယ်ဆိုတော့ ဒီ လဲချားဒေသမှာ ပြည်သူတွေ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ဘယ်လိုအခက်အခဲ ပြဿနာတွေ ရှိနေပြီး အမတ်တယောက်အနေနဲ့ ဘာတွေများ ဆောင်ရွက်ပေးဖို့ ရှိမလဲရှင့်။

ဖြေ - “အခက်အခဲကတော့ မျိုးစုံပဲ၊ ကျနော်တို့ရှမ်းပြည်မှာ အရင်က တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့ တိုက်ပွဲတွေကြား ဖြတ် ၄ ဖြတ် ဒဏ်ခံရတယ်။ တိုက်ပွဲရဲ့ အနိဋ္ဌာရုံတွေရှိတယ်။ အဲဒီထဲမှာ ကျနော်တို့ လဲချားကလည်း အပါအဝင်ဖြစ်တယ်။ နေရပ်စွန့်ခွာပြီး ထိုင်းမှာ အလုပ်သွားလုပ်တဲ့ လူတွေလည်း အများကြီး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးတွေ  အစစအရာရာ လိုအပ်ပါတယ်ခင်ဗျ။ လောလောဆယ်မှာဆို သီးနှံပေါ်ချိန်ဆိုတော့ ပြောင်းဈေး၊ မြေပဲဈေး၊ ကြက်သွန်ဈေးတွေ ကောင်းစေချင်တာပေါ့။ ဒေသအတွက် ကျနော်လုပ်ပေးချင်တဲ့ ရည်မှန်းချက်လည်းရှိတယ်၊ ဒါပေမယ့် အခု မပြောသေးဘူးဗျာ။ အကောင်အထည်ဖော်မှပဲ။”

မေး - မြန်မာနိုင်ငံရဲ့ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

ဖြေ - “ငြိမ်းချမ်းရေးကတော့ အားလုံးလည်းသိမှာပါ။ တပ်မတော်ဘက်က နည်းနည်းတင်းမာတော့ နည်းနည်းခက်ခဲမယ်လို့ ထင်ပါတယ်။ တိုင်းရင်းသားတွေက တဖက်ဆိုတော့ မလွယ်ဘူးထင်တယ်ဗျ။”

မေး - အဲဒီတော့ ငြိမ်းချမ်းရေးရဖို့ ဘယ်လိုဖြေရှင်းသင့်တယ် ထင်လဲ။

ဖြေ - “ဒါကတော့ ညှိညှိနှိုင်းနှိုင်း ရှေ့တိုးနောက်ဆုတ် လုပ်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်သွားမှာပါ။"

မေး - ရှမ်းလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား ပဋိပက္ခဖြစ်နေတဲ့ အပေါ်ရော ဘယ်လိုမြင်ပါသလဲ။

ဖြေ - “အဲဒီကိစ္စကတော့ ကျနော်နားလည်တဲ့အပိုင်းတွေ မဟုတ်လို့ မပြောတတ်ဘူးခင်ဗျ။”

မေး - ဒေသထဲမှာ ရွေးကောက်ပွဲ အနိုင်မရတဲ့ တခြားပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့ရော ဒေသအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ရှိသလား။

ဖြေ - “ရှိပါတယ်ခင်ဗျ၊ ကျနော်တို့ ၃ ယောက်က အရင်ကလည်း ညီအစ်ကိုတွေလိုပါပဲ။ လက်တွဲဆောင်ရွက်သွားဖို့ ရှိပါတယ်။"

မေး - နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားချင်ပါသလဲ။

ဖြေ - “နောက်ဆုံးအနေနဲ့တော့ ကျနော့်ကို တခဲနက် မဲပေးခဲ့ကြတဲ့ မဲပေးပိုင်ခွင့်ရှိသူ၊ မဲဆန္ဒရှင်အားလုံးကို အထူးကျေးဇူးတင်ပါတယ်လို့ ပြောကြားလိုပါတယ်။”

(စိုင်းဥက္ကာဟာ ၁၉၇၇ ခုနှစ်က လဲချားမြို့မှာ မွေးဖွားပြီး အခြေခံပညာ အထက်တန်း (ခ) စာရင်း အောင်မြင်သူ ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင်တွေ နှစ်ရှည်ထောင်ကျရာက ပြန်လွတ်လာပြီးတဲ့ ၂၀၁၂ ခုနှစ်မှာ ပါတီထဲ စတင်ဝင်ရောက်ပြီး မြို့နယ် ပါတီအတွင်းရေးမှူး၊ ဒီနောက် မြို့နယ်ပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013