DVB Logo
Home
မြန်မာသတင်း
နစ်နာကြေးရရှိရေး မိုးထိမိုးမိအလုပ်သမားများ အိုင်အယ်လ်အိုကို အကူအညီတောင်း
DVB
·
August 27, 2012
နစ်နာကြေးရရှိရေး မိုးထိမိုးမိအလုပ်သမားများ အိုင်အယ်လ်အိုကို အကူအညီတောင်း
Donate to DVB

မန္တလေးတိုင်း ရမည်းသင်းမြို့နယ် မိုးထိ မိုးမိဒေသ ရွှေတူးဖော်ရေး လုပ်ငန်းခွင်က အလုပ်သမားခေါင်းဆောင်တွေဟာ အမျိုးသားအကျိုးစီးပွား ကုမ္ပဏီက ကတိပေးထားတဲ့အတိုင်း လျော်ကြေးငွေမပေးတဲ့အတွက် ကူညီဖြေရှင်းပေးဖို့ ဒီနေ့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်လ်အိုရုံးကို သွားရောက် တင်ပြခဲ့ပါတယ်။

[caption id="attachment_29852" align="alignleft" width="300" caption="ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက မိုးထိမိုးမိတောင် အလုပ်သမားများ ဆန္ဒပြနေစဉ်"][/caption]

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဟာ ရွှေတူးလုပ်ငန်း အသေးစားလေး ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဖို့ ဖိတ်ခေါ်လုပ်ကိုင်ခွင့် ပေးထားရာကနေ ဆက်လုပ်ခွင့် ပိတ်လိုက်တဲ့အတွက် သိန်းနဲ့ချီတဲ့ အလုပ်သမားတွေကို ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲနဲ့ပတ်သက်ပြီး မန္တလေးတိုင်း ဒေသကြီးအစိုးရ သတ္တုတွင်းဝန်ကြီးက ၀င်ရောက် ဖြေရှင်းပေးခဲ့ပြီး မိုးထိမိုးမိ အလုပ်သမားတွေနဲ့ အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီတို့ အချက် ၆ ချက်ကို သဘောတူ လက်မှတ်ထိုးခဲ့ပါတယ်။

သဘောတူထားတဲ့ အချက်တွေထဲက အင်းအက်တာ ဆက်မလုပ်လိုတဲ့ သူတွေကို နစ်နာကြေးပေးအပ်မယ်၊ အသေးစား ရွှေလုပ်ငန်းရပ်ဆိုင်းမှုအပေါ် လျော်ကြေးပေးမယ်လို့ သဘောတူခဲ့ပေမယ့် မပေးတဲ့အတွက် အိုင်အယ်လ်အိုကို တိုင်ကြားတာလို့ ရွှေလုပ်သားတွေကို ကူညီတိုင်ကြားပေးတဲ့ ဦးသက်ဝေက ပြောပါတယ်။

“သဘောတူညီအချက်အတိုင်း လျော်ကြေး၊ နစ်နာကြေးငွေ မပေးလို့ ရမည်းသင်းခရိုင် မြို့နယ်ရုံးမှာ ညှိနှိုင်းတော့လည်း အဆင်မပြေတော့ အိုင်အယ်လ်အိုကို လာပြီး တင်ပြတိုင်တာ။ ပထမ ၃ ရက်နေ့က တိုင်တာကတော့ အဓမ္မခိုင်းစေခြင်းခံရတာကို အိုင်အယ်လ်အို ဆက်သွယ်ညှိနှိုင်းရေးအရာရှိကို တိုင်ကြားခဲ့တယ်။ ဒီနေ့ကတော့ နည်းပညာပိုင်းဆိုင်ရာ အကြံပေးအရာရှိဆီကို သူတို့ရဲ့ နစ်နာဆုံးရှုံးမှုတွေအတွက် လျော်ကြေးငွေ ရရှိဖို့ ထပ်မံလာတိုင်တာပေါ့။”

မိုးထိမိုးမိတောင် ရွှေတူးဖော်ရေး လုပ်သားတွေနဲ့ သဘောတူညီချက်ကို အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက ချိုးဖောက်သလို နစ်နာကြေး တောင်းဆိုရာမှာလည်း ကြိမ်းမောင်းပြီး တရားစွဲခိုင်းခဲ့တယ်လို့ ရွှေလုပ်သားတဦးဖြစ်တဲ့ ဒေါ်သန္တာအောင်က ပြောပါတယ်။

“အမျိုးသားကြီးပွားတိုးတက်ရေးရဲ့ လက်ခွဲကုမ္ပဏီကတော့ ရွှေဘုံသာကုမ္ပဏီပါ၊ တရုတ်များအဖွဲ့ တရုတ်တွေပိုင်တာပေါ့။ သူတို့ လက်မှတ်ထိုးတုန်းက အင်းအက်တာများ ဆက်လက်လုပ်ကိုင်လို စိတ်မရှိသူများကို စိစစ်သတ်မှတ် တန်ဖိုးဖြတ်ပြီး နစ်နာကြေးပေးအပ်ရန် သဘောတူပါသည်ဆိုပြီး ဦးစိုးထွန်းရှိန် လက်မှတ်ထိုးခဲ့တာ။ နောက်တခါ နံပါတ် ၅ အချက်က လုပ်ငန်းရပ်ဆိုင်းထားခဲ့ရသည့် အချိန်ကာလ၊ အသေးစားလုပ်ငန်းရှင်များနှင့် မှီခိုလုပ်သားများ၏ နစ်နာကြေးကိုလည်း ဆက်လက်လုပ်ကိုင်သူများအား အင်းလျော်ကြေးနဲ့ ပူးတွဲ၍စိစစ်ပေးသွားရန် သဘောတူပါသည်ဆိုပြီး ဦးစိုးထွန်းရှိန်၊ ခရိုင်မှူး ဦးကျော်ကျော်ထွန်း ပြီးတော့ သစ်တောနဲ့သတ္တုတွင်း ၀န်ကြီးဌာန ၀န်ကြီး ဦးသန်းစိုးမင်းကနေ အကုန်လုံးရှေ့မှာ လက်မှတ်ထိုးခဲ့တယ်။”

“အခုကျတော့ သူတို့က၊ ကျမတို့ တရုတ်ကုမ္ပဏီဆီမှာ နစ်နာကြေးတောင်းတဲ့အခါ မပေးနိုင်ဘူး။ လုံဝ မလျော်နိုင်ဘူး၊ မပေးနိုင်ဘူး ဆိုတာတွေ ကြိမ်းဝါးမှုတွေလုပ်တယ်။ ဦးစိုးထွန်းရှိန်ကလည်း မလျော်နိုင်ဘူး။ member လက်ခွဲတွေကလည်း မလျော်နိုင်ဘူးဆိုပြီး တရားစွဲခိုင်းတယ်၊ လုံးဝအဆင်မပြေဘူး။”

မန္တလေးတိုင်း အစိုးရအဖွဲ့က တာဝန်ယူ ဖြေရှင်းမပေးဘဲ တရားစွဲဖို့သာ ပြောဆိုတဲ့အတွက် အလုပ်သမားတွေ အနေနဲ့ ဥပဒေ ဗဟုသုတ၊ အမှုကုန်ကျစရိတ်စတဲ့ အခက်အခဲတွေ ရှိနေတဲ့အတွက် တရားမစွဲဘဲ အိုင်အယ်လ်အို ကနေ ၀င်ရောက်ဖြေရှင်ပေးဖို့ တင်ပြတာဖြစ်တယ်လို့ ဆိုပါတယ်။
မနေ့ကလည်း ရွှေတူးဖော်ရေးလုပ်ငန်းခွင်က အလုပ်သမား ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေရဲ့ ရုံးခန်းကို သွားရောက်ပြီး သူတို့နဲ့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီတို့အကြား ပေါ်ပေါက်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ကြားဝင် ဆောင်ရွက်ပေးဖို့လည်း  အကူအညီ တောင်းခံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013