DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ငွေခိုးယူသူကို  စီစီတီဗွီမှတ်တမ်းအရ ဖော်ထုတ်အရေးယူ
DVB
·
November 7, 2018
မန္တလေးတွင် ငွေခိုးယူသူကို  စီစီတီဗွီမှတ်တမ်းအရ ဖော်ထုတ်အရေးယူ
Donate to DVB

ဆိုင်ကယ်ထဲက ငွေတွေကို ခိုးယူခံရတဲ့  စီစီတီဗွီမှတ်တမ်းကို ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ တင်ခဲ့ပြီးနောက် ခိုးယူတဲ့ တရားခံကို ရက်ပိုင်းအတွင်း ဖမ်းမိထားတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၅ ရက် မွန်းလွဲပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်နေ မစုသီရိစံဟာ သူ့အဖေလွှဲလာတဲ့ ငွေတွေကို ၆၂ လမ်း၊ ၁၉x၂၀ လမ်းကြား ကမ္ဘောဇဘဏ်မှာ သူ့အမေနဲ့အတူ သွားထုတ်ယူခဲ့ပါတယ်။

ထုတ်လာတဲ့ငွေ ၁၉ သိန်းကို ဆိုင်ကယ် တူးလ်ဘောက်ထဲမှာထည့်ပြီး ဆန်ဝယ်ဖို့အတွက် ၁၉ လမ်းက ဆိုင်တဆိုင်ရှေ့မှာ ရပ်ထားခဲ့ပါတယ်။

ဘဏ်က ထွက်လာကတည်းက ဘဏ်ရှေ့အပင်အောက်မှာ လူ ၃ ယောက်က စောင့်ကြည့်နေတာကို တွေ့သလို ဆန်ဝင်ဝယ်တဲ့ အချိန်ဟာ ၃ မိနစ်လောက်ပဲရှိမယ်လို့ မစုသီရိစံက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ပြောပါတယ်။

လူ ၃ ယောက်က ဆိုင်ကယ်တူးလ်ဘောက်ကိုဖွင့်ပြီး ငွေတွေယူသွားပုံ စီစီတီဗွီမှတ်တမ်းကို ပါဖေ့စ်ဘွတ်ခ်မှာ တင်လိုက်ပြီး အကူအညီတောင်းတဲ့အခါမှာ ပြန်ပြီး မျှဝေသူ အများ အပြားရှိခဲ့ပါတယ်။ အဲဒီနောက် အမှတ် ၁ နယ်မြေရဲစခန်းမှာ ခိုးမှုနဲ့ အမှုဖွင့်ခဲ့ပါတယ်။

ဒီအမှုကို မန္တလေးတိုင်းရဲတပ်ဖွဲ့က အထူးအမှုစစ်အဖွဲ့တွေဖွဲ့ပြီး ပတ်ဝန်းကျင်က စီစီတီဗွီ မှတ်တမ်းတွေကို ကြည့်ရှု စုံစမ်းရှာဖွေခဲ့ရာမှာ ကျူးလွန်ရာမှာပါတဲ့ CZI-125 အနက်ရောင် ဆိုင်ကယ်စီးသူဟာ ပုသိမ်ကြီးမြို့နယ်၊ ကုလားကြီးခြံမှာ နေထိုင်တဲ့ စောမင်းဦး ဖြစ်တယ်လို့ သိခဲ့ရပါတယ်။

ဒါကြောင့် နိုဝင်ဘာ ၆ ရက် ညနေပိုင်းမှာ သက်သေတွေနဲ့အတူ ကုလားကြီးခြံကို သွားရောက် စုံစမ်းပြီး ပြစ်မှုကျူးလွန်သူ မသင်္ကာတရားခံ အသက် ၂၄ နှစ်အရွယ် စောမင်းဦးကို သူ့ရဲ့ အိမ်မှာ တွေ့ရပါတယ်။

စစ်ဆေးရာမှာတော့ ဆိုင်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်တူးလ်ဘောက်ထဲက ငွေ ၁၉ သိန်း ခိုးယူခဲ့တာ စစ်ဆေးပေါ်ပေါက်လို့ ပြစ်မှုကျူးလွန်ရာမှာ သုံးတဲ့ CZI-125 အနက်ရောင် မော်တော်ဆိုင်ကယ်နဲ့ အခင်းဖြစ်တုန်းက သူဝတ်ဆင်ခဲ့တဲ့ အင်္ကျီနဲ့ ပုဆိုးတို့ကို သိမ်းဆည်းကာ အသေးစိတ်ဆက်လက် စစ်ဆေးနေတယ်လို့ မန္တလေး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- Mandalay Police

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013