DVB Logo
Home
မြန်မာသတင်း
မြန်မာပတ်စပို့နှင့် ထိုင်းဗီဇာအတုလုပ်သူအပါအ၀င် နိုင်ငံခြားသား ၃၀ ဦးကိုဖမ်းဆီး
DVB
·
November 7, 2018
မြန်မာပတ်စပို့နှင့် ထိုင်းဗီဇာအတုလုပ်သူအပါအ၀င် နိုင်ငံခြားသား ၃၀ ဦးကိုဖမ်းဆီး
1 / 3
Donate to DVB

မြန်မာနိုင်ငံကူးလက်မှတ် ပတ်စပို့နဲ့  ထိုင်းဗီဇာအတု လုပ်သူအပါအ၀င် ဥပဒေ ချိုးဖောက်တဲ့  နိုင်ငံခြားသား ၃၀ ဦးကို ဖမ်းဆီးအရေးယူလိုက်တယ်လို့ ထိုင်း ကမ္ဘာလှည့် ခရီးသည်ဆိုင်ရာ ရဲတပ်ဖွဲ့က  နိုဝင်ဘာ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံထဲကို အကြောင်းအမျိုးမျိုးနဲ့ ၀င်ရောက်လာပြီး ဥပဒေနဲ့ အညီနေထိုင်ခြင်းမရှိတဲ့ နိုင်ငံခြား သားတွေကို  ထိုင်းအစိုးရက စီမံချက်နဲ့ ရှာဖွေ စစ်ဆေးဖမ်းဆီး အရေးယူနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနိုင်ငံ အလယ်ပိုင်း ဆမွတ်ဆာခွန်းခရိုင်ထဲမှာ မြန်မာပတ်စ်ပို့ နဲ့ ဗီဇာအတု လုပ်ဆောင်သူ အပါအ၀င်  ဥပဒေနဲ့ မညီတဲ့ နိုင်ငံခြားသားတွေကိုဖမ်းမိပြီး ဒီအထဲမှာ မြန်မာနိုင်ငံသား ၂၁ ဦး၊ လာအိုနိုင်ငံသား ၈ ဦးနဲ့ ထိုင်း ၁ဦးတို့ ပါဝင်တယ်လို့ ရဲမှူးချုပ် ဆူရချေ့ခ်ျ ဟတ်ဖန်းက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဖမ်းမိသူတွေအထဲမှာ တရားမ၀င် မြန်မာအလုပ်သမားတွေကို တင်ဆောင်လာတဲ့ မြန်မာ ကားမောင်း သမား ၂ ဦး၊ မြန်မာပတ်စပို့မှာ ထိုင်းနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာတုံးအတု ထုပေးသူ၊ ထိုင်းဌာနဆိုင်ရာ စာရွက် စာတမ်းအတု ပြုလုပ်ပေးသူ၊ ကိုင်ဆောင်သူ၊ လ၀ကမှာ ရက် ၉၀ ပြည့် သတင်းပို့ဖို့ ပျက်ကွက်သူ ၊ နေထိုင်ခွင့်ကုန်ဆုံးပြီး ရက်ကျော်နေထိုင်သူတွေ ပါဝင်ပါတယ်။

ဖမ်းမိတဲ့ထိုင်းနိုင်ငံသား တဦးကတော့ စက်ရုံပိုင်ရှင်ဖြစ်ကာ ဥပဒေနဲ့မညီတဲ့ နိုင်ငံခြားသားတွေကို မိမိအဆောက်အဦမှာ  လက်ခံ မှီခိုနေထိုင်ခွင့်ပြမှုနဲ့ ညှိစွန်းနေတာလို့ ရဲမှူးချုပ်က ပြောပါတယ်။

ဒီဖမ်းဆီးမှုဖြစ်စဉ်မှာ တရားမ၀င်မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံ အနောက်ပိုင်း ပရကျုတ်ခီရီခန်မြို့နယ် ခလောင်းဝမ်းအုပ်စု ဆင်းခေါန် ဂိတ်ကနေ မြန်မာနိုင်ငံကူးလက်မှတ်နဲ့ ၀င်ရောက်လာကြောင်း၊ ဒီရောက်တော့ ဆမွတ်ဆာခွန်းရှိ စက်ရုံတစ်ရုံမှာ ၀င်ရောက်လုပ်ကိုင်ဖို့ ပွဲစားတွေက ထိုင်းဗီဇာတုံးအတုထုပေးကြောင်းနဲ့ ၀န်ဆောင်ခ လူ တဦးလျှင် ထိုင်းဘတ် ၈၀၅၀ ကုန်ကျတယ်လို့ ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး နောက်ထပ်ပါဝင်ပတ်သက်နေသူတွေကို ဆက်လက်စုံ စမ်းဖော်ထု တ်အရေးယူသွားမယ်လို့ လည်း ရဲမှူးချုပ် ဆူရချေ့ခ်ျ ဟတ်ဖန်းက ပြောပါတယ်။

ကိုးကား -  เรื่องจริงผ่านเลนส์.com ( ထိုင်းနယ်စပ်ဖြစ်ရပ်မှန်သတင်းအဖွဲ့ )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013