DVB Logo
Home
မြန်မာသတင်း
ကချင် စစ်ဘေးဒဏ်ခံရသူများအတွက် ယူရိုငွေ ၁၂ သန်း ဆက်လက်ကူညီမည်
DVB
·
November 7, 2018
ကချင် စစ်ဘေးဒဏ်ခံရသူများအတွက် ယူရိုငွေ ၁၂ သန်း ဆက်လက်ကူညီမည်
1 / 4
Donate to DVB

ကချင်ပြည်နယ်အတွင်း စစ်ဘေးဒဏ်ခံနေရသူတွေ အတွက် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအစီအစဉ် DPP(Durable Peace Programme) စီမံကိန်း ဒုတိယပိုင်း စတင်မိတ်ဆက်ခြင်း အခမ်းအနားကို ဒီကနေ့ မြစ်ကြီးနားမြို့City Park ခန်းမမှာ ကျင်းပပါတယ်။

ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးအစီအစဉ် ပထမပိုင်းကို ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ကချင်ပြည်နယ် ၁၂မြို့နယ်ရှိ  ပဋိပက္ခခံစားရတဲ့ လူဦးရေ ၈၅၀၀၀ လောက်ကို ကူညီခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့် ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်မှာ ကချင်ပြည်နယ် ၁၈ မြို့နယ်မှာ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအစီအစဉ် စီမံကိန်း ဒုတိယပိုင်းကို စတင် ဆောင်ရွက်မှာဖြစ်ပါတယ်။

စီမံကိန်း ပထမပိုင်းအတွက် ဥရောပသမဂ္ဂက ယူရိုငွေ ၇ သန်း (မြန်မာကျပ်ငွေ၁၂.၆ဘီလီယံ) ထောက်ပံ့ခဲ့ပြီး စီမံကိန်းဒုတိယပိုင်းအတွက်တော့  ယူရိုငွေ၁၂ သန်း (မြန်မာကျပ်ငွေ ၂၁.၈ ဘီလီယံ ကူညီထောက်ပံ့မှာဖြစ်ပါတယ်။

ဒီစီမံကိန်းကို အကောင်အထည်ဖော်တဲ့ ညွန့်ပေါင်းအဖွဲ့တွေကတော့ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်၊ ကရုဏာလူမှုစည်းလုံးညီညွှတ်ရေးအသင်း၊ မေတ္တာဖောင်ဒေးရှင်း၊ ငြိမ်းဖောင်ဒေးရှင်း၊ Oxfam ၊ SWISSAID ၊ Trocaire အဖွဲ့တွေဖြစ်ပါတယ်။

ဒီအခမ်းအနားကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နဲ့ အစိုးရ အဖွဲ့ဝန်ကြီးတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ NGO၊ INGOs က တာဝန်ရှိသူတွေအပြင် စစ်ရှောင်ဒုက္ခသည်တွေနဲ့  မြန်မာနိုင်ငံဆိုင်ရာ အီယူ သံအမတ်ကြီးလည်း တက်ရောက်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013