DVB Logo
Home
မြန်မာသတင်း
တောင်ငူထောင်က နိုင်ငံရေးအကျဉ်းသားများ အတင်းအဓမ္မ အလုပ်ခိုင်းစေခံရ
DVB
·
August 27, 2012
တောင်ငူထောင်က နိုင်ငံရေးအကျဉ်းသားများ အတင်းအဓမ္မ အလုပ်ခိုင်းစေခံရ
Donate to DVB

ပဲခူးတိုင်း တောင်ငူထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ပိုင်တွေက အတင်းအဓမ္မ အလုပ်ခိုင်းစေသလို မလုပ်ရင် ရိုက်နှက်မယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုကျော်အောင်က ပြောပါတယ်။

အဓမ္မခိုင်းစေခံရသူတွေကတော့ ကိုကြည်သိန်း (ခေါ်) ကိုဘာဘူ၊  ကိုသိန်းမြင့်၊ ကိုသိန်းဝင်း၊ ကိုဇေယျာစိုးနဲ့ ကိုမောင်ဦးတို့ ဖြစ်ပြီး သြဂုတ် ၂၄ ရက်က ထောင်ဝင်စာသွားတွေ့တဲ့ မိသားစုဝင်တွေက ပြန်ပြောတာလို့ ကိုကျော်အောင်က ပြောပါတယ်။

[caption id="attachment_29845" align="alignleft" width="300" caption="တောင်ငူထောင်"][/caption]

“ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်းနဲ့ ထောင်ပိုင်ကြီး ဦးချိုလွင်တို့ဟာ နိုင်ငံရေး အကျဉ်းသားတွေကို မလုပ်မနေရဆိုပြီး အတင်းခိုင်းနေကြတယ်။ ခိုင်းတဲ့ပုံစံကလည်း မင်းတို့က ရိုးရိုးအကျဉ်းသားတွေ အလုပ် လုပ်ရမယ်ဆိုပြီး အတင်းအဓမ္မ ခိုင်းတယ်။ မလုပ်ရင် လွတ်ရက်မရှိ ထောင်တသက် ကျတဲ့သူတွေနဲ့  ရန်တိုက်ပေးပြီး အလုပ်မလုပ်ရင်ရိုက်ဆိုပြီး အမိန့်ပေးထားတယ်။ သူတို့က အလုပ် မလုပ်နိုင်ဘူးလို့ မငြင်းကြဘူး။ ဒါပေမယ့် သူတို့မှာ စစ်ကြောရေးမှာ ခံခဲ့ရတဲ့ ရိုက်နှက်မှုတွေက ခုချိန်ထိ မပျောက်သေးဘူး။ ကိုဘာဘူဆိုရင် ဒူးကို ဒုတ်နဲ့ ရိုက်ထားတဲ့ ဒဏ်ဖြစ်နေတာ။ ကြမ်းကြမ်းတမ်းတမ်း ခရီးလည်း သွားမရဘူး။ အလေးအပင်လည်း မ မရဘူး။ အဲဒါကြောင့် ငင်းတယ်၊ ငြင်းတာကို မလိုချင်ဘူး။ မလုပ်ရင် ရိုက်ပေါ့ အဲလိုမျိုး ဖြစ်တာ။”

အဆိုပါ ခိုင်းစေခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ၂၀၀၆ ခုတုန်းက ဖောက်ခွဲမှုနဲ့ ထောင်ဒဏ် ၂၈ နှစ်ချမှတ်ခံရသူတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013