DVB Logo
Home
မြန်မာသတင်း
လူကိုမကြည့်ဘဲ ပါတီကိုကြည့်မဲပေးရေး ကြွေးကြော်သံ  ပြန်သုံးသပ်စေလို  
DVB
·
November 7, 2018
လူကိုမကြည့်ဘဲ ပါတီကိုကြည့်မဲပေးရေး ကြွေးကြော်သံ  ပြန်သုံးသပ်စေလို  
Donate to DVB

မဲဆန္ဒရှင်လူထုဟာ အမျှော်အမြင်တွေ မြင့်မားလာတာကြောင့် လူကိုမကြည့်ဘဲ ပါတီကိုကြည့်ပါဆိုတဲ့ မဲဆွယ်စည်းရုံးရေး မူဝါဒကို ပြန်သုံးသပ်ဖို့ လိုအပ်လာပြီလို့ အန်အယ်လ်ဒီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာ အောင်ရှင်က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်ပြီး ဒီဗွီဘီ ရုပ်မြင်သံကြားနဲ့ သီးသန့် တွေ့ဆုံမေးမြန်းရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုကော်မတီအဖွဲ့ဝင် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောကြား လိုက်တာပါ။

"ပါတီကိုပဲကြည့်ပါ၊ လူကိုမကြည့်ပါနဲ့ဆိုတဲ့ကြွေးကြော်သံဟာ အချိန်အခါအရ လုပ်ခဲ့တဲ့ကိစ္စ ဖြစ်တာကြောင့် အချိန်ကန့်သတ်ချက်ရှိတယ်လို့ ကျနော်မြင်တယ်။ မဲဆန္ဒရှင်ပြည်သူလူထုရဲ့ အမျှော်အမြင်တရားနဲ့ ဆင်ခြင်တုံးတရားဟာ မြင့်တက်လာတဲ့အတွက်ကြောင့် အဲဒီကြွေးကြော်သံ ကို ပါတီကနေ ပြန်လည်သုံးသပ်ပေးရမှာပါ။  ရွေးကောက်ခံကိုယ်စားလှယ်ရဲ့အရည်အချင်းနဲ့ သူ့ရဲ့ လုပ်ရည်ကိုင်ရည်ကိုလည်း မကြည့်လို့မရတော့ဘူး" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမတိုင်ခင်ကာလက နိုင်ငံတ၀န်း နယ်လှည့်စည်းရုံးမဲဆွယ်တဲ့ ခရီးစဉ်တွေမှာ  လူကိုမကြည့်ဘဲ ပါတီကိုကြည့်မဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒရှင်တွေကို ဆော်သြ တိုက်တွန်းခဲ့တာပါ။

အရင်ရွေးကောက်ပွဲတွေတုန်းက အန်အယ်လ်ဒီပါတီက ၀င်ရောက်ယှဉ်ပြိုင်တိုင်း အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ် လေးနေရာမှာ   လတ်တလောကျင်းပပြီးစီးသွားတဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါ့ကြောင့် ပါတီအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့  ကြိုးစားရမှာဖြစ်တယ်လို့ အန်အယ်လ်ဒီ ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူတွေဆီက မဲတွေပြန်ရလာနိုင်ဖို့ ကိုယ်စားလှယ်တွေ တာဝန်ကျေဖို့လိုသလို ပါတီနဲ့အစိုးရဘက်ကလည်း သင်ခန်းစာတွေယူပြီး မဟာမိတ်ပါတီတွေ၊ တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးတွေကို ပြန်လည် ပြုပြင်သင့်တယ်လို့ လည်း မုံရွာအောင်ရှင်က ပြောပါတယ်။

နိုဝင်ဘာ ၃ ရက်ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီက လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာစလုံးမှာ  ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှာ ၇ နေရာမှာ အနိုင်ရခဲ့ပေမယ့် ရန်ကုန် ဆိပ်ကမ်းမြို့နယ်၊ ကချင်ပြည်နယ် မြစ်ကြီးနား၊ စစ်ကိုင်းတိုင်းဒေသကြီး တမူး၊ ရှမ်းပြည်နယ် လဲချား၊ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် တွေမှာ ရှုံးနိမ့်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013