DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂ ၀န်ထမ်းသုံးဦးကို ထောင်ဒဏ်အသီးသီးချမှတ်
DVB
·
August 27, 2012
Donate to DVB

ရခိုင်ပြည်နယ် အကြမ်းဖက်မှု ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အစိုးရက ရုံးတင် တရားစွဲထားတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) ဌာနေ၀န်ထမ်း ၃ ဦးကို မောင်တောတရားရုံးက ထောင်ဒဏ်အသီးသီး စီရင်လိုက်ပါတယ်။

အစိုးရက ရုံးတင်တရားစွဲဆိုထားတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့တွေထဲက ၀န်ထမ်း ၈ ဦးအနက်  ၅ ဦးကို ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်နေ့က အမှုရုပ်သိမ်း ပြန်လွှတ်ပေးလိုက်ပြီးတဲ့နောက် ကျန် ၃ ဦးကို ဩဂုတ် ၂၄ ရက်က ထောင်ဒဏ်စီရင်လိုက်တာပါ။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးဦးလှသိန်းက ဌာနေ၀န်ထမ်း ၃ ဦးကို ပုဒ်မ ၁၅၃ (က)၊ ၅၀၅(ဂ)၊ ၄၃၆/၁၀၉၊ ၂၄/၁ စတဲ့ပုဒ်မတွေနဲ့ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တာလို့ ပြောပါတယ်။

ကုလသမဂ္ဂ ၀န်ထမ်းတွေဖြစ်တဲ့ ဦးခင်မောင် (ခ) အဏ္ဏ၀ါဆာဒက်ကို ထောင်ဒဏ် ၃ နှစ်၊ ဦးခင်မောင်ဆွေ (ခ) တာယက်ကို ၂ နှစ်နဲ့ ဒေါ်ချိုလင်းမာကို ထောင်ဒဏ် ၆ နှစ်စီ ချမှတ်လိုက်ပြီး ဘူးသီးတောင်ထောင်မှာ ထားရှိတယ်လို့ ပြောပါတယ်။

(၁၅၃-က) က လူ့အဖွဲ့အစည်း တဖွဲ့နဲ့ တဖွဲ့ကို အမုန်းစိတ်တွေ၊ ရန်ငြိုးရန်စစိတ်တွေ၊ အာဃတတွေ ဖြစ်ပေါ်စေပြီးတော့ ခိုက်ရန်ဖြစ်အောင် လှုံဆော်တဲ့ ပုဒ်မ။ (၅၀၅-ဂ) က တည်ငြိမ်မှု၊ အေးချမ်းမှုတွေကို ပျက်ပြားအောင် ဆောင်ရွက်တဲ့ပုဒ်မ။ (၂၄-၁) ကတော့ နိုင်ငံခြားငွေကို ခွင့်ပြုချက်မရှိဘဲ တင်သွင်းပြီး လက်ဝယ်ထားမှုပုဒ်မနဲ့ (၄၃၆) က မီးနဲ့ အကျိုးဖျက်ဆီးမှု၊ မီးရှို့မှုပုဒ်မတို့ ဖြစ်ပါတယ်။

ဌာနေ၀န်ထမ်းတွေကို ရုံးတင်စစ်ဆေးရာမှာ ရှေ့နေတွေနဲ့ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် ရကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စုံစမ်းရေးကော်မရှင်အဖွဲ့ လာရောက်စစ်ဆေးရင် ရခိုင်ပြည်နယ် အစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးသွားမယ်လို့လည်း ဦးဦးလှသိန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း ရခိုင်တိုင်းရင်းသား ၃၁ ဦးနဲ့ ဘင်္ဂါလီလူမျိုး ၅၇ ဦး စုစုပေါင်း ၈၈ ဦး သေဆုံးသွားပြီး ဘာသာရေး အဆောက်အဦတွေနဲ့ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013