DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် စက်ဘီးစီးလာသည့် မြန်မာတဦး ကားတိုက်ခံရပြီး သေဆုံး
DVB
·
November 7, 2018
ထိုင်းတွင် စက်ဘီးစီးလာသည့် မြန်မာတဦး ကားတိုက်ခံရပြီး သေဆုံး
Donate to DVB

ထိုင်းနိုင်ငံမှာ ဒီကနေ့မနက်အစောပိုင်း ၂ နာရီခွဲလောက်က စက်ဘီးစီးလာတဲ့ မြန်မာနိုင်ငံသားတဦးဟာ ကားတိုက်ခံရပြီး သေဆုံးသွားပါတယ်။

ဒီအဖြစ်အပျက်ဟာ ဆမွတ်ပရာကန်ဒေသတွင်း လမ်းမတခုပေါ်မှာ ဖြစ်ခဲ့တာလို့ သည်နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

သတင်းပေးချက်အရ အခင်းဖြစ်တဲ့နေရာကို ရဲတွေရောက်ရှိလာချိန်မှာတော့ အသက် ၃၂ နှစ်အရွယ် မြန်မာအမျိုးသား တင်လွီ (သတင်းမှာ ဖော်ပြထားတဲ့အမည်) ကို စက်ဘီးဘေးမှာ သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ကားသမားဟာ တိုက်ပြီး ထွက်ပြေးသွားခဲ့ပြီးနောက်မှာတော့ ရဲစခန်းမှာ လာရောက်ဆက်သွယ်ခဲ့ပြီး သူတိုက်ခဲ့တာဖြစ်ကြောင်း အကြောင်းကြားခဲ့တာပါ။

အသက် ၆၃ နှစ်အရွယ် ယာဉ်မောင်း ဝမ်ချိုင် ဟက်တာဖိုလ်ဖိုင်ဆန်က သူ့အနေနဲ့ ထွက်ပြေးသွားခဲ့တာမဟုတ်ဘဲ အိမ်ကမိသားစုကို အကြောင်းကြားပြီး လိုအပ်တဲ့ ကားအာမခံဆိုင်ရာ တရားဝင်စာရွက်စာတမ်းတွေ သွားယူခဲ့တာသာဖြစ်တယ်လို့ ရဲတွေကို ပြောခဲ့ပါတယ်။

အခင်းဖြစ်တဲ့အချိန်မှာတော့ လမ်းမပေါ်မှာ မှောင်မည်းနေခဲ့ပြီး စက်ဘီးက ကားရှေ့ လမ်းကြောင်းပေါ် ရုတ်တရက်ပေါ်လာခဲ့တာဖြစ်ပြီး ရှောင်တိမ်းချိန်မရဘဲ တိုက်မိခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013