DVB Logo
Home
မြန်မာသတင်း
အာဖရိက၀က်အပြင်းဖျားရောဂါ မြန်မာနိုင်ငံထဲ ကူးစက်မပြန့်ပွားအောင် တားဆီးဆောင်ရွက်နေ
DVB
·
November 7, 2018
အာဖရိက၀က်အပြင်းဖျားရောဂါ မြန်မာနိုင်ငံထဲ ကူးစက်မပြန့်ပွားအောင် တားဆီးဆောင်ရွက်နေ
Donate to DVB

မြန်မာနယ်စပ်နဲ့ ကပ်နေတဲ့ ယူနန်ပြည်နယ်အပါအဝင် တရုတ်နိုင်ငံ ပြည်နယ်တချို့မှာ အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားနေတာကြောင့်  မြန်မာနိုင်ငံထဲကို ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ကာကွယ်တားဆီးဖို့ အစိုးရက လုပ်ဆောင်နေပါတယ်။

အာဖရိကဝက် အပြင်းဖျားရောဂါဟာ  မြန်မာနိုင်ငံမှာ ဖြစ်ပွားခြင်းမရှိသေးပေမယ့် အိမ်နီးချင်း ယူနန်ပြည်နယ်မှာ ဖြစ်ပွားနေတာ၊ ဗိုင်းရပ်စ်ပိုးဟာ ရောဂါဖြစ်နေတဲ့ ဝက်ရဲ့ အသားနဲ့ ဝက်အူချောင်း၊ အေးခဲဝက်သား၊ ဆားနယ်ဝက်သားတွေမှာ တာရှည်စွာ အသက်ရှင်နေထိုင်နိုင်ပြီး ကူးစက်ပျံ့နှံ့နိုင်လို့  ကြိုတင်တားဆီး ကာကွယ်ရေးလုပ်ငန်းတွေကို ချမှတ်ဆောင်ရွက် သွားဖို့နဲ့ စဉ်ဆက်မပြတ်လေ့လာစောင့်ကြည့် သွားဖို့ လိုတယ်လို့ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်က ပြောပါတယ်။

အာဖရိကဝက် အပြင်းဖျားရောဂါ တားဆီးကာကွယ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို မနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ရုံး အစည်းအဝေးခန်းမမှာ ကျင်းပရာမှာ ပြောကြားခဲ့တာလို့ အစိုးရ သတင်းစဉ်မှာ ဖော်ပြပါတယ်။

အစည်းအဝေးမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်က အာဖရိကဝက် အပြင်းဖျားရောဂါဟာ  DNA အမျိုးအစား ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတာဖြစ်ပြီး ရောဂါပိုး သယ်ဆောင်တဲ့ ကြားခံလက်ခံ ကောင်ဖြစ်တဲ့ မွှားတွယ်ခြင်း၊ ကိုက်ခြင်းအပြင် ရောဂါပိုး ကူးစက်ခံထားရတဲ့ ဝက်ရဲ့အသားနဲ့  ဝက်ထွက်ပစ္စည်းတွေက တဆင့် ကူးစက်ပြန့်ပွားနိုင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အိမ်မွေးဝက်တွေနဲ့  တောဝက်တွေမှာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပေမယ့် လူတွေမှာတော့ ရောဂါကူးစက်နိုင်ခြင်း လုံးဝမရှိကြောင်း၊  အဆိုပါ ရောဂါပိုးဟာ ကူးစက်မှုနှုန်းမြင့်မားပြီး ကာကွယ်ဆေးနဲ့ ကုသဆေးတွေ မရှိလို့ ကမ္ဘာ့တိရစ္ဆာန်ကျန်း မာရေးအဖွဲ့က အရေးကြီးရောဂါအဖြစ်သတ်မှတ်ပြီး  ဖြစ်ပွားလာ ပါက သုတ်သင်ရှင်းလင်းဖို့ မှတ်ချက် ပြုထားတယ်လို့လည်းပြောပါတယ်။

အာဖရိကဝက်အပြင်းဖျားရောဂါ မြန်မာနိုင်ငံဘက်ကို ကူးစက်ပြန့် ပွားမှု မရှိစေဖို့ မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနက လားရှိုးနဲ့ မူဆယ်ခရိုင်အတွင်း ဝက်နဲ့  ဝက်ထွက်ပစ္စည်းတွေ တရားမဝင် ဝင်ရောက်တာကို ပိတ်ပင်တားဆီးနိုင်ရန်ဖို့ ဆောင်ရွက်နေသလို မူဆယ်နယ်စပ်ဂိတ်တွေမှာ သတိပေးပိုစတာတွေစိုက်ထူ၊ အသိပညာပေး ဟောပြောပွဲတွေ လုပ်ဆောင်နေတယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဓာတ်ပုံ-MyanmaAlinn

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013