DVB Logo
Home
မြန်မာသတင်း
Miki-ko တံဆိပ် ချယ်ရီသီးနှင့် တရုတ်ဆီးသီး ရောင်းချသူများကို တရားစွဲအရေးယူမည်
DVB
·
November 7, 2018
Miki-ko တံဆိပ် ချယ်ရီသီးနှင့် တရုတ်ဆီးသီး ရောင်းချသူများကို တရားစွဲအရေးယူမည်
Donate to DVB

Miki-ko အမှတ်တံဆိပ်ပါ ချယ်ရီသီးနဲ့  တရုတ်ဆီးသီးတွေမှာ ခွင့်မပြုဆိုးဆေး ပါဝင်နေလို့  စားသုံးဖို့ မသင့်တဲ့အကြောင်းနဲ့ ဖြန့်ဖြူးရောင်းချနေသူတွေကို အရေးယူမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက  ကြေညာပါတယ်။

ကျန်းမာရေးဌာနဟာ ဈေးကွက်ထဲရောင်းချနေတဲ့ အစားအသောက်တွေကို ဈေးတွေနဲ့ ကျောင်းမုန့်ဈေးတန်းတွေကနေ ၀ယ်ယူစစ်ဆေးနေရာမှာ Miki-ko တံဆိပ် တရုတ်ဆီးသီးနဲ့ ချယ်ရီသီးတွေမှာ ခွင့်မပြု ဆိုးဆေး Rhodamine B ပါဝင်နေတာတွေ့ရလို့ စားသုံးဖို့ မသင့်ကြောင်း အရင်ကလည်းက ကြေညာခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်  Miki-ko အမှတ်တံဆိပ် စားသောက်ကုန်တွေကို ဈေးကွက်ထဲမှာ အများအပြား ဆက်လက် ဖြန့်ဖြူးရောင်းချနေတာကို တွေ့နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါ စားသောက်ကုန်တွေမှာ Miki-ko အမှတ်တံဆိပ်ကလွဲပြီး ကျန်တဲ့စာသားတွေကို ထိုင်းဘာသာနဲ့ ရေးသားထားတယ်လို့လည်း ဆိုပါတယ်။

စားသုံးဖို့မသင့်ကြောင်း ထုတ်ပြန်ကြေညာထားတဲ့ အစားသောက်တွေကို ထုတ်လုပ် ဖြန့်ဖြူးရောင်းချတာမလုပ်ကြဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသား အစားအသောက် ဥပဒေပုဒ်မ ၂၈(က)အရ တရားစွဲသွားမယ်လို့ အသိပေးကြေညာထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013