DVB Logo
Home
မြန်မာသတင်း
နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် ပညာရေးဝန်ကြီးဌာန တွေ့ဆုံဆွေးနွေး
DVB
·
November 6, 2018
နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် ပညာရေးဝန်ကြီးဌာန တွေ့ဆုံဆွေးနွေး
Donate to DVB

နည်းပညာတက္ကသိုလ်တွေက ကျောင်းသားသမဂ္ဂတာဝန်ရှိသူတွေနဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးရာမှာ စာမေးပွဲပြန်စစ်တဲ့ကိစ္စကလွဲပြီး  ကျောင်းသားတွေရဲ့ တောင်းဆိုချက် အားလုံးနီးပါး ရရှိခဲ့ပါတယ်။

အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းနဲ့ မန္တလေး၊ ပခုက္ကူ၊ ပြည်၊ ရမည်းသင်း၊ တောင်ငူ၊ မှော်ဘီ၊ လားရှိုး၊ ထားဝယ်၊ မြိတ် နည်းပညာတက္ကသိုလ်တွေက ကျောင်းသား သမဂ္ဂတာဝန်ရှိသူတွေက ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတာပါ။

ပြည် နည်းပညာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုမျိုးသီဟက “ကျနော်တို့ အချက် ၇ ချက် တင်ပြတောင်းဆိုပါတယ်။ တချက်ပဲ အဆင်မပြေသေးတာပါ။ အဲဒါကတော့ Re exam ပါ။ ကျောင်းသားတယောက်က တဘာသာပဲ ရှုံးပေမယ့် ဘာသာစုံ ပြန်ဖြေရတဲ့ ကိစ္စကို ဘာသာရပ်ဆိုင်ရာ ဌာနမှူးတွေ တွေ့ဆုံရာမှာ ညှိနှိုင်းမယ်လို့ ပြောပါတယ်။ နောက်ထပ် တောင်းဆိုတာတွေကတော့ စာတွေ့နဲ့ လက်တွေ့မျှတဖို့နဲ့ Roll call စနစ်ပါ။ အခုအချိန်က စပြီး စာသင်ချိန်မှာ စာပဲ သင်ဖို့၊ လက်တွေ့ချိန်မှာ လက်တွေ့ပဲ လုပ်ဖို့ ပြန်ဖြေပေးပါတယ်။ ပြီးတော့ ကျောင်းသားတွေက ကျောင်းတက်ရင် အဆင်မပြေလို့ ကျောင်းနားပြီး ပြန်တက်ရင် နှစ်ကျအဖြစ် သတ်မှတ်ပြီးမှ ပြန်တက်နေရတာပါ။ ဒါကိုလည်း ဒီနှစ်ကစပြီး ပယ်ဖျက်ပေးမယ်လို့ ပြောပါတယ်” လို့ ဆိုပါတယ်။

ဒါအပြင် ဘီအီးဝင်ခွင့်နဲ့ ပတ်သက်ပြီးတော့လည်း ဒီနှစ်ကစပြီး ပြန်ပေးမယ်လို့ ပညာရေး တာဝန်ရှိသူတွေက ကတိပြုပါတယ်။

တချို့နည်းပညာကျောင်းတွေမှာ ဘာသာရပ်သင် ဆရာတွေ ရှိနေပေမယ့် အဲဒီဘာသာရပ်ကို လျှော့ချထားတဲ့အတွက် တက်ချင်တဲ့ ကျောင်းသားတွေ တက်ခွင့်မရ ဖြစ်နေတာကိုလည်း တိုင်းအလိုက် ပြန်စိစစ်ပြီး ဝန်ကြီးဆီကို တင်ပြဖို့ အဖြေရတယ်လို့လည်း ကိုမျိုးသီဟက ပြောပါတယ်။

“ကျနော်တို့ ပြည်မှာဆိုရင် ဘာသာရပ် ၇ ခုရှိတာမှာ ၃ ခုကို လျှော့ထားတယ်။ သင်နိုင်တဲ့ ဆရာက ရှိတယ်။ ဒါမျိုးကို ပြောတာပါ။ နောက်တခုက လက်တွေ့ပိုင်းမှာ ကျွမ်းကျွမ်းကျင်ကျင် ပြသပေးနိုင်တဲ့ ဆရာမရှိဘူးဆိုရင် အပြင်က ငှားပြီး သင်ကြားပေးဖို့ တောင်းဆိုတာကိုလည်း ခန့်အပ်ပေးမယ်လို့ ပြောပါတယ်။ နောက်ဆုံးတချက်ကတော့ မေဂျာမရှိ၊ ကျောင်းသားမရှိတဲ့ ကျောင်းကို အဲဒီမေဂျာသင်တဲ့ ဆရာ၊ ဆရာမတွေ စေလွှတ်ပြောင်းရွှေ့လိုက်တဲ့ ကိစ္စမျိုးပါ။ ဒါကိုလည်း စိစစ်ပေးမယ်လို့ ပြောတယ်”

တွေ့ဆုံရာမှာ အဆင်မပြေခဲ့တဲ့ စာမေးပွဲပြန်စစ်တဲ့ ကိစ္စကို ဆက်လက်တောင်းဆို သွားမယ်လို့လည်း သူက ပြောပါတယ်။ အောက်တိုဘာ ၁၅ ရက်က ပညာရေးဝန်ကြီးကို ပြည်နည်းပညာတက္ကသိုလ်ကျောင်းသား သမဂ္ဂက အခုလို တွေ့ဆုံဖို့ တောင်းဆိုခဲ့တာပါ။

တနိုင်ငံလုံးမှာ  နည်းပညာတက္ကသိုလ်ပေါင်း  ၃၀ ကျော်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013