DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
November 6, 2018
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ (FAQ/RC) 2018 က ပိဿာ ၆၀ ဝင် တအိတ်ကို ၉၅၃၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၂၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၉၅၀၀၀ ကနေ ၁၀၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၄၇၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ အဟောင်းက တအိတ်ကို ၈၀၄၅၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၂၅၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၇၈၀၀၀ ကနေ ၈၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၄၅၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကုလားပဲ v2

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင်  တအိတ်ကို ၇၇၀၀၀ ကနေ ၇၈၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၆၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁၅၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

စီပီပြောင်း

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ စီပီပြောင်းက ၅၄ ပိဿာဝင် တအိတ်ကို ၂၆၀၀၀ ကနေ ၂၈၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ လားရှိုးကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၂၃၇၅၀ ကနေ ၂၅၄၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၄၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ လားရှိုးကုန်စည်ဒိုင် တအိတ်ကို ၂၆၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းညို

မကွေးကုန်စည်ဒိုင်မှာတော့ နှမ်းညိုက ၄၅ ပိဿာဝင် တအိတ်ကို ၁၇၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၅၄၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မကွေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁၅၅၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကြက်သွန်နီ

ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက တပိဿာကို ၇၂၅ ကျပ်ကနေ ၈၅၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၀၀ ကနေ ၉၀၀ ကျပ်ရှိပြီး တအိတ်ကို ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၁၅၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013