DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းမြို့နယ်တွင် ဇနီးမောင်နှံ ၂ ဦး သေနတ်ပစ်ခံရပြီး အမျိုးသမီး ၁ ဦးသေဆုံး
DVB
·
November 6, 2018
နမ့်ခမ်းမြို့နယ်တွင် ဇနီးမောင်နှံ ၂ ဦး သေနတ်ပစ်ခံရပြီး အမျိုးသမီး ၁ ဦးသေဆုံး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ထဲမှာ ဇနီးမောင်နှံ နှစ်ယောက် သေနတ်ပစ်ခံရလို့  ဇနီးဖြစ်သူ သေဆုံးသွားပြီး ခင်ပွန်းဖြစ်သူကတော့ ဖမ်းဆီးခံရကာ ပျောက်ဆုံးနေပါတယ်။

နမ့်ခမ်းမြို့နယ်၊ နောင်အန့်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့လကုန်က လင်မယား နှစ်ယောက်ကို လက်နက်ကိုင်အဖွဲ့တဖွဲ့က သေနတ်နဲ့ လှမ်းပစ်လို့ သေဆုံးသွားတဲ့ အမျိုးသမီးကို လမ်းဘေးမှာ ဖြစ်သလိုမြှုပ်နှံထားကာအမျိုးသားကိုဖမ်းခေါ်သွားပြီး ဒီကနေ့ထိ ပြန်မလွှတ်သေးဘူးလို့  သေဆုံးသူ အမျိုးသမီးရဲ့ ဆွေမျိုးတော်စပ်သူ ပန်းဆေးရွာသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူ့ယောက်ျားက တရုတ်နိုင်ငံသား ရန်ရှင်ကျင်းလို့ခေါ်တယ်။ အသက် ၂၈ နှစ်၊ မိန်းမက ထန်ဝေကော့ အသက် ၃၀၊ ခိုလုံလီရှောလူမျိုး၊ နမ့်ခမ်းမြို့နယ် ပန်းဆေးရွာက၊ သူတို့မှာ ကလေး ၄ ယောက်ရှိတယ်။ တရုတ်ပြည်မှာနေပြီး မိန်းမဘက်က မိဘအိမ်ဆီခဏပြန်လာတာ၊ အရင်လ ၃၀ ရက်နေ့ကပေါ့။ နောင်အန်ရွာနားရောက်တော့ ပလောင်တပ်ဖွဲ့နဲ့တွေ့ပြီး သူတို့ကို သေနတ်နဲ့ ပစ်တယ်တဲ့၊  ရွာသားတွေ့ အဝေးကနေလှမ်းမြင်တယ်။ ဒါပေမယ့် ဘာမှမပြောရဲဘူး။ ပစ်လိုက် တော့ ဆိုင်ကယ်နောက်မှာထိုင်တဲ့ မိန်းမက သေသွားတယ်။ ယောက်ျားက ခြေထောက်မှာ ထိ သွားတယ်။ အဲဒါ မိန်းမကို မြေကြီးထဲမြှုပ်ထားတာ၊ ယောက်ျားကို ဖမ်းသွားတယ်။ ခုထိသေလားရှင်လား၊ ဘယ်နားခေါ်သွားလဲဆိုတာ မသိရဘူး။ အစက သူတို့ပျောက်နေလို့ မိဘဆွေမျိုးတွေလိုက်ရှာတာ၊ ဒီလ ၂ ရက်နေ့မှာ မိန်းမရဲ့ အလောင်းကို နောင်အန့်ရွာနားမှာ ပြန်တွေ့တာ။”

သေဆုံးသူအမျိုးသမီးရဲ့အလောင်းကို နိုဝင်ဘာ ၃ ရက်မှာ သင်္ဂြိုဟ်ပြီးစီးခဲ့ပြီး ကျန်ရစ်သူ ကလေး ၄ ယောက်အနက် အကြီးဆုံးက ၄ နှစ်ကျော်၊ အငယ်ဆုံးကတော့ လသား အရွယ်သာရှိပါသေးတယ်။

ဒါကြောင့် ကလေးတွေကို သနားညှာတာသောအားဖြင့် သူတို့ဖခင်ကို ပြန်လွှတ်ပေးဖို့ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့ကို တောင်းခံလိုကြောင်း ပန်းဆေးရွာသူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့တော့ ကျေးရွာအုပ်ချုပ်ရေးမှူးက သိရှိပေမယ့် သက်ဆိုင်ရာကို ဆက်ပြီး တိုင်မတိုင်တော့ မသိရကြောင်း၊ သူတို့ရွာသားတွေအနေနဲ့တော့ နီးစပ်ရာ လက်နက်ကိုင်အဖွဲ့ကို ကြောက်လို့ တခြား ရဲစခန်းတွေ၊ ပါတီတွေကို တိုင်ထားတာမရှိသေးဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီက  PSLF / TNLA ပလောင်တပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုး စားပေမယ့် မရသေးပါဘူး။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013